Wednesday, November 9, 2011

မြစ်ကြီးနား -ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်းသို့ မြန်မာအစိုးရတပ် စစ်ကြောင်းထိုး

November 8, 2011

by peacerunning
နိုဝင်ဘာ 8 ,2011

ဆဒုံး-ကန်ပိုက်တီ လမ်းကြောင်းမှ စစ်ကြောင်းထိုးတက်လာနေသော မြန်မာစစ်ကြောင်း



ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ အား စစ်ရေးအရအနိုင်ယူတိုက်ခိုက်နိုင်ရန်ရည်ရွယ်ချက်ဖြင့် မြန်မာအစိုးရ စစ်တပ်တို့ သည် စစ်မျက်နှာပေါင်းစုံဖွင့်လျက် ကေအိုင်အေ တပ်မတော်အားအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေရာ ယခုအခါ ဆဒုံး ( Sadung ) ကန်ပိုက်တီ ( KamPai Ti ) လဖိုင်( Lahpai ) လမ်းးပိုင်း ဘက်မှထိုးစစ်ဆင်တိုက်ခိုက်ရန်ပြင်ဆင်သည့်အနေဖြင့် အဆိုပါဒေသသို့ စစ်အင်အားအလုံးအရင်းပို့ ဆောင်လျက်ရှိနေပါသည်။


လွန်ခဲ့သော တနင်္ဂနွေနေ့ ည ( ၉)နာရီခန့် က ၀ိုင်းမော်မြို့ ခလရ(၅၈)တပ်ရင်းတွင် ရောက်ရှိနေသော တပ်မ(၈၈)မှတပ်ဖွဲ့ ဝင်အင်အား ( ၁၅၀-၂၀၀)ခန့် သည် ညအမှောင်ကို အကာအကွယ်ယူကာ ဆဒုံး-ကန်ပိုက်တီဒေသ သို့ စစ်ကြောင်းထိုး ချီတက်သွားကာ တနလာင်္မနက်ပိုင်းတွင်လည်း ထပ်မံ၍ နောက်ထပ် စစ်အင်အား အယောက် ( ၃၅၀-၄၀၀)ခန့် အဆိုပါဒေသသို့ ထပ်မံချီတက်သွားကြောင်းသိရှိရသည်။ စစ်ကြောင်းနှင့်အတူ ရိက္ခာ လက်နက်ခဲယမ်း သယ်ဆောင်သော စစ်ကားတန်းများ၊ ၀န်တင်သော မြင်း ၊ လား များ အကောင် (၅၀)ခန့် ပါရှိကြောင်းသိရှိရသည်။

အဆိုပါ စစ်ကြောင်းထိုးတက်သွားပြီး နောက် စစ်ကြောင်းချီတက်ရာလမ်းကြောင်းပေါ်ရှိ ၀ါးရှောင်- ဂေါ်ဆက်ယန် ကျေးရွာ အထက်ဘက်ရှိ ဘွမ်တောမ် ( Bum Tawng) ဒေသတွင် တိုက်ပွဲများ စတင်ဖြစ်ပွားရာ နိုဝင်ဘာ(၆-၇)နှစ်ရက်ဆက်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရှိရသည်။ ၄င်းတိုက်ပွဲ အသေးစိတ်သတင်းအား မသိရှိရသေးပါ.။

ထို့ အပြင် ယခုအခါ မြစ်ကြီးနား-ကန်ပိုက်တီ ကားလမ်းကို လည်းပိတ်ပစ်လိုက်ပြီး ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်းသိရှိရသည်။ှအရပ်သား တစ်ဦးအားလည်း အဆိုပါစစ်ကြောင်းမှ ကေအိုင်အေ သူပုန်အဖြစ်စွပ်စွဲကာ သုံ့ ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းထပ်မံသိရှိရသည်။

No comments: