Friday, November 11, 2011

ဗိုလ်ချုပ်မြ၏သွေးထွက်အောင်မှန်သောစကား


ဗိုလ်ချုပ်မြကို ၁၉၉၇ ခုနှစ်ကတောထဲမှာတွေ့တဲ့အခါသူက DABရဲ့သဘောတူညီချက်ကို မလိုက်နာဘဲ တော်လှန်ရေးအဖွဲ့တွေတဖွဲ့ခြင်း ငြိမ်းချမ်းရေးယူကြလို့ အင်အား ချိ့နဲ့သွားခဲ့တာကိုထောက်ပြသွားတယ်၊ အခုUNFC ဟာ အရင်ကအမှားတွေကိုသင်္ခန်းစာယူပြီး ဖဲ့စည်းရုံးတာမခံဘဲ အဖွဲ့လိုက်ဆွေးနွေးပွဲကိုခိုင်ခိုင် ရပ် ပြီးတောင်းဆိုနိုင်ဘို့လိုတယ်။

ဗိုလ်ချုပ်မြက ငြိမ်းချမ်းရေးယူတဲ့ အဖွဲ့တွေကိုခေါင်းဆောင်နဲ့ငယ်သားခွဲ ပစ်လိုက်တော့ခေါင်းဆောင်လုပ်သူတွေကို စီးပွားရေးလုပ်ကွက်တွေပေးပြီး ဖျက်စီးလိုက်တော့သာယာပြီး ငယ်သားတွေနဲ့ကွာဟသွားတယ် တဲ့။ ဒီစကားဟာသွေးထွက်အောင်မှန်တယ်လို့ဆိုရမယ်၊ အခုကြည့် ဗိုလ် စောချစ်သူဘယ်လောက်ချမ်းသာနေလဲ၊ DKBA တွေအခုမတရားတာကို ငုံမခံဘဲပြန်ချတော့ မပါတော့ဘူး။ မရဘူးတဲ့စည်းစိမ်ကိုမစွန့်နိုင်တော့ဘူးလေ။

ထွန်းအောင်ကျော်
http://www.sawkyawkhwi.com/2011/11/blog-post_09.html#more

မှတ်ချက်။ ။ ဗိုလ်ချူပ်မြပြောတဲ့ ခေါင်းဆောင်လုပ်သူတွေကို စီပွားရေး လုပ်ကွက်ပေးပြီးတော့ သာယာပြီးငယ်သားတွေနဲ့ ကွဲကွာသွားတယ်ဆိုဒါ သိပ်မှန်တာ. အထက်နဲ့ အောက်မကဘူး ဘေးတန်းလျက် အပိုင်းလိုက် အစုအဖွဲ့ လိုက် ကွဲနိုင်တယ်။ ဟိုးနေပြည်တော်နားမှာ နေတဲ့ တပ်မဟာ(၂)၊ ရန်သူကြားညပ်ပြီး ဂျောင်ကလှောင်တွေမှာ နေနေရပြီး ထွက်ပြေးစရာ နေရာမရှိတဲ့ တပ်မဟာ ၂-၃ တို့  တပ်မဟာ(၁)တို့  ရဲ့ စိတ်ဓါတ်တွေ သိပ်မာနေပြီး အရမ်းလေးစားဖို့ ကောင်းပါတယ်။ ပင်လယ်ပြင်မှ စားကွက်တွေ နယ်စပ်မှ လုပ်ကွက်တွေ ဟာ တော်လှန်ရေးကို ဖျက်ဆီးမယ်ဆိုတာ သတိရှိပါ။ ထွက်ပြေးစရာနေရာမရှိတဲ့ အတွင်းလူတွေတောင် တောင့်ခံနိုင်သေးရင် ပြေးစရာမြေရှိသူတွေက ပိုပြီးတောင် လုပ်ဆောင်သင့်ပါတယ်။

No comments: