Tuesday, June 7, 2011

မန္တလေး-ဗန်းမော်လမ်းပေါ်ရှိ 'ကျောက်လောင်း' သံတံတား အပါအ၀င် တံတားရှစ်စင်းကျိုး

Written by Myanmar Time


မေလ ၁၉ ရက်နေ့ညက သည်းထန် စွာရွာသွန်းခဲ့သည့်မိုးကြောင့် မန္တလေး-ဗန်းမော်ကားလမ်း၊ မန္တလေးတိုင်းဒေသ ကြီး တကောင်း (ခ) မြို့နယ်ရှိ ကျောက် လောင်း သံတံတားအပါအ၀င် တံတား ရှစ်စင်းခန့် ကျိုးသွားခဲ့သည်ဟု မန္တလေး-ဗန်းမော် ပြေးဆွဲနေသည့် မော်တော်ယာဉ်လုပ်ငန်းရှင်များက ပြောသည်။

"၁၉ ရက်နေ့က မိုးကတော်တော် လေးကိုရွာတယ၊် မိုးကြီးတော့ ချောင်း ရေလျှံပြီး တံတားကိုတိုက်စားသွားတာပါ၊ တံတားရဲ့အထက် နားမှာကလည်း ဆည်ရှိတယ်လေ၊ ဆည်ကလည်းရေမထိန်းနိုင်တော့ ခုလိုဖြစ်သွားရတာပါပဲ" ဟု တကောင်း(ခ) မြို့နယ်တွင် နေထိုင် ပြီးမန္တလေး-ဗန်းမော်သွားကားသင်း တစ်သင်း၏အတွင်းရေးမှူး ဦးသိန်းလင်းက ပြောသည်။ ကျောက်လောင်းသံတံတားမှာ အရှည်ပေ ၄၀ နှင့် အကျယ်ရှစ်ပေရှိသည်။ "အခုဆိုရင် ခရီးသွားတဲ့သူတွေ အတွက် အဆင်ပြေအောင် မန္တလေး ကနေ မြတောင်ကို ကားနဲ့ ပို့ပေး တယ်၊ မြတောင်ကမှ ရွှေကူမြို့ကို စက်လှေ ဒါမှမဟုတ် မော်တော်နဲ့ ပို့ပေးတယ်၊ ပြီးမှ ရွှေကူကနေဗန်းမော်ကို ကားနဲ့ ခရီးစဉ်အလိုက် အဆင့်ဆင့် ပို့ဆောင် ပေးနေရတယ်"ဟု မန္တလေး-ဗန်းမော် ခရီးသည်တင် ကားသင်းတစ်သင်းဖြစ် သည့် ရွှေလွန်းပျံ ကားသင်း၏ ယာဉ် မောင်း ဦးမောင်မြင့်က ပြောသည်။

တံတားများ ကျိုးသည့်အတွက် ကုန် စည်ပို့ဆောင်ရေးကို ခေတ္တ နားထားရ ကြောင်းသိရသည်။ ယခင်တစ်ညအိပ် သာသွားရသည့် မန္တလေး-ဗန်းမော် ခရီးကို ယခု သုံးရက်ခန့် သွားနေရသည် ဟု ကားဆရာများက ဆိုသည်။ "အခု တံတားကျိုးတာကတော့ ကြာ နေ ပြီ။ ရေကလည်းမကျသေးတော့ဘာ မှလုပ်လို့မရဘူး၊ မေလ ၂၄ ရက်နေ့က တာဝန်ရှိသူတွေတော့ လာကြည့်သွား တယ်၊ ၁၅ ရက်နဲ့ အပြီးပြုပြင်သွားမယ် လိုတော့ပြောသွားတယ်"ဟု ဦးသိန်း လင်းက ပြောသည်။ ကျောက်လောင်း တံတားသည် ယမန် နှစ်ကလည်း တစ်ခါကျိုးဖူးပြီး ၁၀ ရက် ခန့်ကြာအောင် ပြုပြင်ခဲ့ရကြောင်း ၎င်းတို့ က ပြောသည်။

"တံတားကျိုးတဲ့အတွက်အထက် ပိုင်းခရီးစဉ်တွေအတွက် တော်တော်လေးကို အဆင်မပြေဖြစ်တယ်၊အခုလမ်းပိုင်းကလည်း မန္တလေး ကနေမြစ်ကြီးနား ထိလမ်းပိုင်းဖြစ်တဲ့အတွက် ကုန်စည် သယ်ယူဖို့တဲ့အတွက် အဆင်မပြေ ဖြစ်သလို ကားခတွေလည်းအရမ်း တက် သွားတယ် အရင်က မန္တလေး-ဗန်းမော် ကားခ ကျပ် ၁၀,၀၀၀ ပေးရတယ်၊ အခု ၁၅,၀၀၀ ပေးနေရတယ်"ဟု ယင်းလမ်း ပိုင်းကို အသုံးပြုသည့် ကုန်သည် တစ်ဦးက ပြောသည်။

"လက်ရှိဖြတ်သန်း သွားလာနေရတဲ့ တံတားတွေကိုလည်း ကြံ့ခိုင်မှုရှိအောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပေးစေချင် ပါတယ်" ဟု မန္တလေး-မြစ်ကြီးနား ကား သင်းတစ်သင်းမှ ယာဉ်မောင်း တစ်ဦးက ပြောသည်။ မန္တလေး-ဗန်းမော် သွား ကားလမ်းပိုင်းသည် ၂၆၇ မိုင်ရှည်ပြီး လမ်းတစ်လျှောက် ကွန်ကရစ် တံတား ၁၂ စင်း၊ သံတံတား ကိုးစင်း၊ သစ်သား တံတား ၁၂၉ စင်းရှိသည်။

No comments: