Thursday, June 9, 2011

ဂျပန် ဓါတ်ရောင်ခြည် မူလမှန်းထားတာထက် နှစ်ဆဆိုးဝါး

Thursday, June 9, 2011

ဂျပန် ဓါတ်ရောင်ခြည် မူလမှန်းထားတာထက် နှစ်ဆဆိုးဝါး


ဂျပန် နျူကလီယား ဓာတ်ရောင်ခြည် အန္တရာယ်

ငလျင်နဲ့ ဆူနာမိ ဒဏ်ကြောင့် အကြပ်အတည်း ဆိုက်ခဲ့ရတဲ့ ဖူကူရှီးမား နျူကလီယား စက်ရုံးကနေ အဲဒီစဖြစ်တဲ့နေ့က တပတ်အတွင်းမှာပဲ ထွက်ခဲ့တဲ့ အဏုမြူရောင်ခြည်က အရင်မှန်းဆ ထားတာထက် ၂ဆ ပိုတယ်လို့ ဂျပန်ရဲ့ နျူကလီးယား အေဂျင်စီက ပြောပါတယ်။

ဓါတ်ပေါင်းဖို အတွင်းက နျူကလီးယား လောင်စာချောင်းတွေ ပျော်ကြခဲ့တဲ့ အချိန်ထက် ပိုမှန်ခဲ့တယ်လို့လည်း သူတို့က ဆိုပါတယ်။ ချာနိုလ်ဘိုင်းမှာ ဖြစ်ခဲ့တတုန်းက ထွက်ခဲ့တဲ့ ဓာတ်ရောင်ခြည် စိမ့်ထွက်မှုထက်စာရင် အခုဟာက ၁၅ ရာခိုင်နှုန်းလောက်ပဲ ရှိပေမယ့် စက်ရုံးဝန်းကျင်မှာ အရင်မှန်းထားတဲ့ ဓါတ်ရောင်ချည် သင့်မှုထက် ဆိုးတဲ့ သက်ရောက်မှု ရှိမယ်ဆိုတာ သေချာပါတယ်။

ဖူကူရှိးမား စက်ရုံရဲ့ ကီလိုမီတာ ၂၀ ပတ်လည်မှာ နေထိုင်ကြတဲ့ ဒေသခံလူ ၈သောင်းကို နေရာ ရွှေ့ပြောင်းခဲ့ပြီး ဖြစ်ပါတယ်။ လူတွေကိုယ့်ဘာသာ ကိုယ် ကိုယ့်ဆန္ဒနဲ့ ရွှေ့ချင်ရွှေ့နိုင်တယ်လို့ အစိုးရက သတ်မှတ်ပေးတဲ့ ဧရိယာကတော့ ပတ်ပတ်လည်က ကီလိုမီတာ ၂၀ ကနေ ၃၀ မီတာကြား ဧရိယာ ဖြစ်ပါတယ်။

အခုတော့ လူတွေ ထပ်ရွှေ့ ရနိုင်ဖွယ် ရှိတယ်လို့ ဂျပန်အစိုးရအဖွဲ့ ဆိုင်ရာ အတွင်းရေးမှူးချုပ် ဖြစ်တဲ့ ယူကီကို အီဒါနိုက ပြောပါတယ်။ ဒီပြဿနာဖြစ်နေတဲ့ နျူကလီယား စက်ရုံပိတ်နိုင်ဖို့က လာမယ့် ဇန်န၀ါရီ အတွင်းလို့ မှန်းထားတဲ့ ကိစ္စကလည်း အခုဆို အချိန်ရွှေ့ ရမလို ဖြစ်နေပြီလို့လည်း ပြောနေကြပါတယ်။


နျူကလီယား ဓာတ်ပေါင်းဖို အကြပ်အတည်း ဆိုက်ခဲ့ရပြီး ၃ လနီးပါး အကြာမှာ ထွက်လာတဲ့ အခု အစီရင်ခံစာကို လွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဘုတ်အဖွဲ့ကို တင်ပြရမှာပါ။ အရင်တုန်းကတော့ ကုလသမဂ္ဂ အဏုမြူ အေဂျင်စီ အိုင်အေအီးအေက ဖူကူးရှီးမာ နျူကလီးယား စက်ရုံအနေနဲ့ ဆူနာမိကြောင့် ပင်လယ်ရေလှိုင်းတွေ တက်လာရင် တားဖို့ အကာအရံတွေ လုပ်တဲ့နေရာမှာ နိမ့်တယ်ဆိုတဲ့ တချက်နဲ့ နျူကလီယား ဓာတ်ပေါင်းဖို အေးသွားအောင် လုပ်ရာမှာ သုံးတဲ့ စနစ်အတွက် အရံအသင့် ထားသင့်တယ်ဆိုတာ ဝေဘန်ခဲ့ပါတယ်။

ဒါ့ပြင် ဂျပန်ရဲ့ နျူကလီယား လုံခြုံမှု အေဂျင်စီဟာ သီးခြား လွတ်လပ်တဲ့ ဌာနတခု ဖြစ်သင့်ပြီး အခုကတော့ နျူကလီးယား စွမ်းအင် ထုတ်မယ့် ၀န်ကြီးဌာနရဲ့ အောက်မှာပဲ ဖြစ်နေတယ်လို့ အကြံပေးခဲ့ပါတယ်။ အခု ဂျပန်နျူကလီယား အစီရင်ခံစာအထွက် နှောင့်နှေး လိုက်တာဆိုတဲ့ ဝေဘန်မှုတွေလည်း ထွက်ပေါ်နေပြီးနောက် ပိုအသေးစိတ် သိကြရတဲ့အခါမှာတော့ နောက်ထပ် ဝေဘန်မှုတွေလည်း လာနိုင်ပါတယ်။

No comments: