Tuesday, October 11, 2011

စင်ကာပူ တွင် မြန်မာ နိုင်ငံသား တစ်ဦး ဒေါ်လာ တစ်သိန်း လိမ်လည် .

Tuesday, 11 October 2011 00:00 The Voice Journal ..

မြန်မာ နိုင်ငံသား သိန်းချီ အလုပ်လုပ်ကိုင်၊ ကျောင်းတက် နေထိုင်ရာ စင်ကာပူ နိုင်ငံတွင် မြန်မာလူမျိုး တစ်ဦးက စင်ကာပူ ရောက်မြန်မာ များထံမှ နိုင်ငံကူး လက်မှတ် ၄၂ ခုနှင့် အခွန် ဆောင်ရန်ငွေကြေး စင်ကာပူ ဒေါ်လာ တစ်သိန်းကို လိမ်လည်ရယူကာ ထွက်ပြေး တိမ်းရှောင် လျက်ရှိကြောင်း စင်ကာပူ ရောက်မြန်မာ အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။ စင်ကာပူနိုင်ငံ တွင်နေထိုင်ပြီး Shwe Thadar Pte.Ltd ကုမ္ပဏီထူ ထောင်ထားသော အသက် ၂၆ နှစ် အရွယ် ဦးစံဦးသည် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့်ချိတ်ဆက်ပြီး နိုင်ငံကူး လက်မှတ် သက်တမ်း တိုးပေးခြင်းနှင့် အခွန်ဆောင် ပေးမှုများကို ဝန်ဆောင်မှုပေးလေ့ရှိကြောင်း၊ စင်ကာပူရောက် မြန်မာအလုပ်သမားများက ဦးစံဦးထံသို့ ဆက်သွယ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှုများနှင့် အခွန်ဆောင်ခြင်း လုပ်ငန်းများ လုပ်ပေးရန် အပ်နှံကြလေ့ရှိကြောင်း၊ စက်တင်ဘာ ၂၆ ရက်နေ့က ၎င်းထံအပ်နှံထားသော နိုင်ငံကူးလက်မှတ် ၄၂ ခု၊ ကိုယ်စားလှယ်လွှဲစာများ၊ အခွန်ဆောင် ရန်ငွေကြေး စင်ကာပူ ဒေါ်လာ တစ်သိန်းနီးပါးတို့ကို ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ အဆိုပါနေ့ ညနေပိုင်းတွင် ဒေါ်သန်းသန်းနု(သပြေနု)က အခွန်ဆောင်ရန်အပ်နှံထားသော နိုင်ငံကူး လက်မှတ်များ၊ စာရွက်စာတမ်း နှင့်ငွေကြေးများကို ပြန်လည်ရယူလိုသဖြင့် တယ်လီဖုန်းဖြင့် ဦးစံဦးကို ဆက်သွယ်ရာပြန်လည်ဖြေကြားခြင်း မရှိခဲ့ကြောင်း၊ ယင်းနောက်ဦးစံဦး၏ နေအိမ်သို့ သွားရောက် စုံစမ်းရာ ဦးစံဦး၏ မိခင်ကိုသာတွေ့ရှိရပြီး အကြောင်းစုံကို မေးမြန်းရာ သားဖြစ်သူဦးစံဦးသည် ငွေများယူဆောင်ကာ ထွက်ပြေးသွားကြောင်း သိရှိခဲ့ရသည်ဟု အဆိုပါမြန်မာ အသိုင်းအဝိုင်း ထံမှ သိရှိရသည်။ နိုင်ငံကူးလက်မှတ်များပြန်လည်ရရှိရေး ၎င်း၏မိခင်ထံဆက်လက်စုံစမ်းရာ ဦးစံဦးသည် စင်ကာပူဒေါ်လာ ငွေတစ်သိန်းကို ယူဆောင် သွားသော် လည်း ASKAMYA Travels and Tours Pte.Ltd. ကုမ္ပဏီက မအေးမာထံတွင် အပ်နှံထားကြောင်းသိရှိရသဖြင့် မအေးမာ၏နေအိမ်သို့ သွားရောက်ပြီး နိုင်ငံကူးလက်မှတ်များကို ပြန်လည် သိမ်းဆည်း ခဲ့ကာ သက်ဆိုင်ရာ ကာယကံရှင်များထံပြန်လည်ပြန်လည်ပေးအပ်လျက်ရှိကြောင်း၊ ဦးစံဦးမှာ ယနေ့တိုင် ထွက်ပြေးတိမ်း ရှောင်နေဆဲဖြစ်ကြောင်း စင်ကာပူရောက်မြန်မာများထံမှ စုံစမ်း သိရှိရသ

No comments: