Thursday, October 13, 2011

Zargana’s jokes – မြစ်ကြီးနားထောင်က ထွက်လာတဲ့နေ့မှာ ပြောပြတဲ့ ဇာဂနာရဲ့ ပျက်လုံးများ


အောက်တိုဘာ ၁၂၊ ၂၀၁၁

ဇာဂနာနဲ့ ဗီဒီယိုအက်ဥပဒေ
ဇာဂနာ – ဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲ။
တရားသူကြီး – နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့။ ဆင်ဆာမတင်လို့။
ဇာဂနာ – မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား။ မုန်တိုင်းတိုက်တာ ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။
တရားသူကြီး - ကိန်။


ဇာဂနာ နဲ့ ဘုန်းကြီးလမ်းလျှောက်မှု
ဇာဂနာ – ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ။
တရားသူကြီး - အဲဒီ ဘုန်းကြီးတွေက လမ်းပေါ် လမ်းလျှောက်တယ်။
ဇာဂနာ – ဒီအမှုက သဘာဝမကျတော့ဘူး၊ ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်။
တရားသူကြီး - ထွက်မနေပါနဲ့ကွာ၊ ထွက်လည်း ထောင်ဒဏ်တွေ ပေး … အုံး… မှာ…။


ဆွဲချနဲ့ အီးမေးပြဿနာ
အစိုးရရှေ့နေ - ကိုဇာဂနာ ရှင့်အီးမေးလ် ပြော။
ဇာဂနာ - thura61@gmail.com
အစိုးရရှေ့နေ - ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူး။
ဇာဂနာ - ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။


ဇာဂနာ နဲ့ နိုင်ငံရေးအကျဉ်းသား
ဇာဂနာ – အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုး တောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လွတ်စေချင်တာပဲ။
ဧရာဝတီသတင်းဌာန – ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက နိုင်ငံရေးအကျဉ်းသား မို့လို့လား။
ဇာဂနာ - နိုင်ငံရေးအကျဉ်းသားလို့ ကျနော် မပြောပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား။

No comments: