Tuesday, October 11, 2011

ရွှေတြိဂံတွင် တရုတ်သင်္ဘော ပစ်ခတ်ခံရ၊ ၁၁ ဦးသေ

ထိုင်းနှင့် မြန်မာကြား မဲခေါင်မြစ် ရွှေတြိဂံနယ်မြေတွင် တရုတ်သင်္ဘောတစီး ပစ်ခတ်ခံရသဖြင့် တရုတ်သင်္ဘောသား ၁၁ ဦးသေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။ အောက်တိုဘာလ ၅ ရက်နေ့က ယင်းသို့ အပစ်ခံရခြင်းဖြစ်ပြီး ထိုဒေသအတွင်း လှုပ်ရှားနေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သည့် အဖွဲ့များ လက်ချက်ဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြသည်။

No comments: