Tuesday, October 11, 2011

ထိုင်း​ရေလွှမ်း​မိုး​မှု လူ ၈ သန်း​ကျော် ​ရေ​ဘေး​ဒုက္ခ​ရောက်၊​ ၂၆၉ ဦး​ ​သေဆုံး​ Published on October 10, 2011


ထိုင်း​နိုင်ငံ​မြောက်ပိုင်း​ကို ဦး​စွာလွှမ်း​မိုး​ခဲ့​တဲ့​ ​ရေကြီး​မှုဟာ ဘန်​ကောက်ရဲ့​ အထက်က အယုဒ္ဒယခရိုင်ကို ​ရောက်ရှိလွှမ်း​မိုး​နေကာ တနိုင်ငံလုံး​မှာ လူ ၈ သန်း​ကျော်ဒုက္ခ​ရောက်ပြီး​ ၂၆၉ ဦး​ ​သေဆုံး​သွား​ပြီလို့​သိရပါတယ်။
မြို့​နယ် ၁၆ ခုရှိတဲ့​ အယုဒ္ဒယမှာ ဒီက​နေ့​ မနက် ၃ နာရီကစပြီး​ မြို့​နယ်အား​လုံး​ ​ရေလွှမ်း​မိုး​သွား​ပြီဖြစ်ပြီး​ နှစ်ထပ်တိုက်အိမ်​တွေရဲ့​ ​ခေါင်မိုး​တွေအထိ ​ရေမြုပ်​နေတဲ့​အတွက် လူ ၃ သိန်း​ကျော် ​ရေ​ဘေး​ဒုက္ခ ကြုံ​တွေ့​နေရပါတယ်။
အယုဒ္ဒယခရိုင်အတွင်း​ ​ရေ​ဘေး​ကျ​ရောက်​နေတဲ့​ မြန်မာလူမျိုး​တွေကို တတ်အား​သမျှ ကူညီနိုင်ဖို့​အတွက် မြန်မာလူမှု​ရေး​အဖွဲ့​တဖွဲ့​ ဘန်​ကောက်မြို့​မြန်မာ ​တွေဆီမှာ စတင်အလှူ​ငွေ ​ကောက်ခံ​နေပြီဖြစ်​ကြောင်း​ အဖွဲ့​ခေါင်း​ဆောင် ဦး​သန်း​ဖေက ​ပြောပါတယ်။
“အကုန်လုံး​မြုပ်ကုန်ပြီ​လေ။ ကျ​နော်တို့​ပြည်ပ​ရောက်​ကျောင်း​သား​အဖွဲ့​အ​နေနဲ့​ ကျ​နော်တို့​ဗမာ​ရေ​ဘေး​ဒုက္ခသည်​တွေကို ဒီမှာကူညီ​ရေး​ရှိပါတယ်။ ကျ​နော်တို့​လော​လောဆယ် ရန်ပုံ​ငွေကမရှိဘူး​။ ဒါ​ပေမယ့်​ ဘန်​ကောက်မှာရှိ​နေတဲ့​ အလုပ်ရုံစက်ရုံ​တွေမှာ ကျ​နော်တို့​အလှူခံတာမျိုး​တွေ လုပ်ဖို့​ရှိပါတယ်။”
လော​လောဆယ်မှာ ဆက်သွယ်လို့​ရသူ​တွေကို စတင်ကူညီ ​ဆောင်ရွက်​ပေး​သွား​မယ်လို့​ဆိုပါတယ်။
ရေကြီး​မှုဒဏ်​ကြောင့်​ အယုဒ္ဒယခရိုင်အတွင်း​က အလုပ်သမား​ ၁ သိန်း​ကျော်ရှိတဲ့​ စီး​ပွား​ရေး​ဇုန်ဟာ ဘတ်​ငွေ သန်း​ပေါင်း​ တသိန်း​ကျော်​လောက် ပျက်စီး​ဆုံး​ရှုံး​မှုရှိမယ်လို့​ ဟွန်ဒါကား​ကုမ္ပဏီက ခန့်​မှန်း​တွက်ချက် ထုတ်ပြန်ထား​ပါတယ်။
ထိုင်း​အစိုး​ရက ​ရေလွှမ်း​မိုး​မှုကို နိုင်ငံ​တော် အ​ရေး​ပေါ်အ​ခြေအ​နေအဖြစ် သတ်မှတ်ပြီး​ ဝန်ကြီး​ဌာန ၈ ခု ပူး​ပေါင်း​ဆောင်ရွက်ဖို့​ညွှန်ကြား​ထား​ပါတယ်။
မြန်မာအလုပ်သမား​ထောင်​ပေါင်း​များ​စွာ အလုပ်လုပ်ကိုင်​နေကြတဲ့​ ဘန်​ကောက်မြို့​ဟာ မလွှဲမ​ရှောင်သာ ​ရေလွမ်း​မိုး​မှုဒဏ်ကို ခံရဖို့​ရှိ​နေတယ်လို့​ ထုတ်ပြန်သတိ​ပေး​ထား​ပြီး​ ​ရေ​ဘေး​ဒုက္ခသည်စခန်း​ ၈၀ ကိုလည်း​ ပြင်ဆင်ထား​ပါတယ်။
နိုင်ငံ​မြောက်ပိုင်း​ကဆင်း​လာပြီး​ အယုဒ္ဒယကိုဖြတ်သန်း​လာတဲ့​ ​ရေထု၊​ ဆက်လက်မိုး​ရွာသွန်း​နေမှု၊​ ပင်လယ်​ရေတက်ချိန်နဲ့​တိုက်ဆိုင်မှုအပြင် ဖိလစ်ပိုင်နိုင်ငံက​နေ ဖြတ်လာတဲ့​ မုန်တိုင်း​၂ လုံး​ စတာ​တွေဟာ ​နောက်သီတင်း​ပတ် အတွင်း​ ဘန်​ကောက်မှာ လာပြီး​ဆုံစည်း​နိုင်တာ​တွေ​ကြောင့်​အစိုး​ရက ထုတ်ပြန်သတိ​ပေး​ထား​တာပါ။

No comments: