Thursday, October 13, 2011

ဆင် နဲ့ တူသော ဝက်ပေါက်စကလေး


တရုတ်နိုင်ငံမှာ Anhui ခရိုင်က မွေးကင်းစဝက် တစ်ကောင်ဟာ ထူးထူးဆန်းဆန်း ဆင်နဲ့သွားတူနေပါတယ်။ မွေးကတည်းက အမွေးတွေမပါဘဲ ပြောင်ချောကြီးဖြစ်ပါတယ်။ နားနဲ့ နှာမောင်းကလည်း ဆင်နဲ့တော်တော်သွားတူနေပါတယ်။ အားလုံးခြုံကြည့်လိုက်ရင် ဝက်တစ်ကောင်နှင့်မတူဘဲဆင်ပေါက်ကလေးတစ်ကောင်နှင့်
သွားတူနေပါတယ်။ ထိုဝက်ကလေးမွေးပြီးတဲ့အချိန်မှာ လူတော်တော်များများဟာ သတင်းကြားပြီး လာရောက်ကြည့်ရှု့ကြပါတယ်။ အားလုံးပေါင်းဝက် ခုနှစ်ကောင်ပေါက်တဲ့အထဲမှာ တစ်ကောင်က ထိုကဲ့သို့ ပေါက်ဖွားလာခြင်းဖြစ်ကာ အလေးချိန် ၁ဝဝဝ ဂရမ်ရှိတယ်လို့သိရပါတယ်။

No comments: