Tuesday, November 27, 2012

လက်ပတောင်းတောင် စီမံကိန်း ချက်ချင်းရပ်

လက်ပတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့ တောင်းဆိုလိုက်တဲ့ ဆန္ဒပြပွဲတခုကို ဒီကနေ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ ဆူးလေစေတီတော်မှာ စုရပ်အဖြစ် ပြုလုပ်ကျင်းပခဲ့ကြပါတယ်။ ဆူးလေစေတီတော်ကနေပြီး မဟာဗန္ဓုလလမ်းပန်းခြံလမ်းရှိ လွတ်လပ်ရေးကျောက်တိုင်ကို ပတ်ပြီး သိမ်ကြီးဈေးအထိ လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ ဆန္ဒပြပွဲအတွင်း ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီးဒဂုန်တာရာရဲ့ သ၀ဏ်လွှာကို ရန်ကုန်ပြည်သူ့အကျိုးဆောGင်ကွန်ယက်မှ ကိုဟန်ဝင်းအောင်မှ ဖတ်ကြားခဲ့ပါတယ်။ မူလက ဒီဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ပြသဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ မနက်ဖြန် နိုဝင်ဘာလ ၂၇ ရက်နေ့မှာလဲ ဆက်လက် ဆန္ဒထုတ်ဖော်သွားမယ်လို့ သတင်းရရှိပါတယ်။

No comments: