Saturday, December 1, 2012

ရဲတပ်ဖွဲ့ဝင်များ မှားခဲ့ကြောင်း သံဃာတော်များအား ၀န်ချတောင်းပန်မည့်သတင်းနှင့် အခြားသတင်းတိုများ



သံဃာတော်များအား ၀န်ချတောင်းပန်မည် 

ရဲတပ်ဖွဲ့ဝင်များမှ သံဃာတော်များအား ၀န်ချတောင်းပန်ပွဲကို ဒီဇင်ဘာလ ၁ရက်နေ့ မွန်းလွဲတစ်နာရီအချိန်တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရှိ တင်ဝင်းထွန်းဓမ္မာရုံ တွင်ကျင်းပပြုလုပ်မည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်
းနယ်မြေရှိ သပိတ်စခန်းများအား အင်အားသုံးဖြိုခွင်းခဲ့မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ကိုင်တိုင်း မုံရွာခရိုင် အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များမှ သံဃာတော်များအား ၀န်ချတောင်းပန်ပွဲကို ဒီဇင်ဘာလ ၁ရက်နေ့ မွန်းလွဲတစ်နာရီအချိန်တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရှိ တင်ဝင်းထွန်းဓမ္မာရုံ တွင်ကျင်းပပြုလုပ်ရန်စီစဉ်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


လက်ပန်တောင်း ကြေးနီမိုင်း အင်အားသုံးမှု သမ္မတ တာဝန်မယူ ပါက နှုတ်ထွက်ပေးရန်တောင်းဆို 
 

(ရန်ကုန်) ၊ ရွှေဝါရောင် တော်လှန်ရေး
မျိုး ဖြစ် နိုင် (မန္တလေး)

လက်ပန်းတောင် ဆန္ဒပြသည့် သံဃာတော်များ နှင့် ပြည်သူ များ ကို ဦးသိန်း
 
စိန် က တာဝန်ယူခြင်း မရှိပါက နှုတ်ထွက် ပေး ရန် ယနေ့  ဆူးစေတီ တော်
မှ ၅၁ လမ်း ဦးပိုင် ရုံးထိ လမ်းလျှောက် ဆန္ဒပြ ခဲ့ သည့် သံဃာတော်များ က
တောင်း ဆို လိုက် ပြီး ၊ မဟာဂန္ဓာရုံ ကျောင်းတိုက်မှ ဆရာတော် ဦးသောဘိတ ကလည်း VOA နှင့် ပြောကြား ရာ တွင် လို ချင် သည့် ပုံ စံ
အဖြေ မထွက် လျှင် သော်လည်း ကောင်း ကျေနပ် သည့် ပုံစံ မဖြေရှင်း ပေး
လျှင် သော် လည်းကောင်း ဒုတိယ ရွှေဝါ ရောင် တော်လှန်ရေး ဖြစ် နိုင်သည် ဟု မိန့် ကြား ခဲ့ သည်။ 





ဦးသိန်းစိန် ကိုယ်တိုင် အမိန့် ပေး ခဲ့


လက်ပံတောင်း ကြေးနီမိုင်း သပိစခန်း ကို အင်အား သုံး ဖြိုခွဲ ရန် အတွက်
ယမန်နေ့  ည ၁၂ နာရီ အချိန် တွင် ပြည်ထဲရေး ၀န်ကြီး နှင့် စစ်ကိုင်းတိုင်း
ဝန်ကြီး ချုပ် ဦးသာအေး ကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် အမိန့် ပေး ခဲ့
သည် ဟု မုံရွာ ခရိုင် အုပ်ချုပ် ရေး မှုး ရုံး မှ ပေါက်ကြား လာသည့် စာ
များ အရ သိရသည် ဟု မုံရွာ ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့  ၀င် တစ်ဦး
က FNG ကို ပြောသည်။
သည်းခံကြပါ 
  "ကိုယ်တော်တို့ သည်းခံကြပါ။ဒီပြဿနာက ရေနဲ့ဖြန်းတာပဲ။ဒါပေမယ့် 
ငရဲပြည်က ရေဖြစ်နေတယ်" ဟု သီတဂူ ဆရာတော်ကြီးက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံးနှိမ်နှင်းခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းသို့ မိန့်ကြားသည်။
မသွဲ့သွဲ့ဝင်း
  
လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားလို့ အကြိမ်ကြိမ် ခေါ်ယူစစ်ဆေးခံ၊ အကျဉ်းကျခံရတဲ့ မသွဲ့သွဲ့ဝင်း၊ လူအများကျလောက်အောင် မူယာမာယာ စကားပြောကောင်းလှတဲ့ ပလီစိချောက်ချက် ဝန်ကြီးအောင်မင်းကို ကောင်းကောင်း ပညာပေးလိုက်နိုင်ခဲ့တဲ့ မသွဲ့သွဲ့ဝင်းက သူချစ်တဲ့မေစုကို အားကိုးတကြီး ပွေ့ဖက်ထားစဉ် (30-11-2012)
 ဒေါက်တာ အောင်မိုးမြင့်
 ဘုန်ကြီးတွေ သူ့ နေရာသူ မနေလို ခံရတာ လို့  ဆရာဝန်လောက မှ ပထမဆုံးပြောသောသူ ..
Dr. Aung Moe Myint

No comments: