Monday, March 21, 2011

ငလျင်ဒဏ်ခံရပြီး ၁၀ရက်မြောက်နေ့မှာ အသက်(၈၀) အဖွားဖြစ်သူနဲ့ အသက်(၁၆)နှစ်အရွယ် မြေးဖြစ်သူတို့အား ကယ်တင်နိုင်ခဲ့တဲ့ သတင်း

Monday, March 21, 2011
ငလျင်ဒဏ်ခံရပြီး ၁၀ရက်မြောက်နေ့မှာ အသက်(၈၀) အဖွားဖြစ်သူနဲ့ အသက်(၁၆)နှစ်အရွယ် မြေးဖြစ်သူတို့အား ကယ်တင်နိုင်ခဲ့တဲ့ သတင်း
地震発生から10日目、奇跡の救出です。80歳の祖母と孫の2人が、倒壊した家屋から助け出されました。


ANN သတင်းဋ္ဌာန ရုပ်သံ
ငလျင်ဒဏ်နဲ့ ဆုနာမိရေလှိုင်းဒဏ်ခံရတဲ့ မီယာဂီခရိုင် အိရှိမါကီမြို့ရဲ့ ပြိုကျနေတဲ့ အဆောက်အဦးနဲ့ အမှိုက်သရိုက်တွေအောက်မှ အာဘဲစုမိစန် အသက်(၈၀) အဘွားဖြစ်သူနဲ့ အာဘဲဂျင်းစန် အသက် (၁၆)နှစ်အရွယ် မြေးဖြစ်သူ တို့အား ၂၀ရက်နေ့ ညနေ(၄)နာရီမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်..။

မြေးအဘွား(၂)ဦးဟာ ငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျနေတဲ့ အဆောက်အဦးနဲ့ အမှိုက်သရိုက်တွေ အောက်က ကျဉ်းမြောင်းလှတဲ့ Space ကြားမှာ ရေခဲသတ္တာအတွင်းမှ ရေနဲ့ ဒိန်ချဉ်များကို စားသောက်ရင်း ကယ်တင်မယ့်သူကို စောင့်မျှော်နေခဲ့ကြပါတယ်..။ အဆိုပါ မြေးအဘွား (၂)ဦးဟာ အခြေအနေ ကောင်းမွန်ပြီး စကားပြောဆိုနိုင်ကြောင်းနဲ့ စတင်တွေ့ရှိရချိန်မှ စ၍(၁)နာရီအတွင်း ကယ်ထုတ်နိုင်ခဲ့ပြီး ရှိမါကီမြို့ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် သယ်ယူ ပို့ဆောင်ခဲ့ကြောင်း ကြေငြာသွားပါတယ်..။ ယခုလက်ရှိ ငလျင်ဒဏ်နဲ့ ဆူနာမိဒဏ်ကြောင့် သေဆုံး၊ ပျောက်ဆုံးသူပေါင်း ၁သောင်း ၉ထောင်ကျော် ရှိပြီဖြစ်ကြောင်း သိရှိရပါတယ်..။

မြန်မာအသိုင်းအဝန်းမှ လူမှုရေး စေတနာရှင်များမှလည်း ခေါက်ဆွဲခြောက် အထုပ်ရေ (၅၀၀၀) ထောင်ခန့်အား လာမယ့် အင်္ဂါနေ့မှာ အဆိုပါ ငလျင်ဒဏ်နဲ့ ဆူနာမိဒဏ်ခံဒေသများမှ ပြည်သူများအား သွားရောက် လှုဒါန်းမည်ဟု သိရှိရပါသည်...။

No comments: