Thursday, March 24, 2011

တိုကျိုမြို့ KATSUSHIKAKU ဘုံပိုင်ရေမှ အနျုမြူရောင်ခြည်ဓါတ်များ ပါဝင်နေ၍ ကလေငယ်များမသုံးရန်သတိပေး။(အထူးသတိပေးနှိုးဆော်ခြင်း)

၂၀၁၁-၃-၂၃ သတင်းအရ
တိုကျိုမြို့ KATSUSHIKAKU ဘုံပိုင်ရေမှ အနျုမြူရောင်ခြည်ဓါတ်များ ပါဝင်နေသည်ဟု ETANO
ပြောရေးဆိုခွင့် ရှိသူက ပြောဆိုသွားပြီး တိုကျို ၂၃ ရပ်ကွက်နှင့် ၅ မြို့ ကိုသတိပေးထားသည်။
ပါဝင်နေသောပမာဏသည် စံသတ်မှတ်ချက်၏ အောက်တွင်ရှိနေပြီး ခန္ဓာကိုယ် အတွက် အကြိမ်များစွာသောက်သုံးမှသာ အန္တရယ်ဖြစ်စေပြီး အနည်ငယ်သောက်သုံးယုံဖြင့် အန္တရယ်
မဖြစ် နိုင်ကြောင်း ပြောဆိုခဲ့သည်။ Fukuoka တွက် ကလေးသုံး နို့ မုန့် များနှင့် နွားနို့ များအ
သုံးမပြုရန်နှင့် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်အမျိုးသမီးများ ဘုံပိုင်ရေကို အသုံးမပြုကြ
ဘို့ နှိုးဆော်ထားကာ ကလေးငယ်များ သောက်သုံးမိပါက လည်ချောင်းကင်ဆာ ဖြစ်နိုင်ကြောင်း ဆေးပညာရှင်များက သတိပေးထားကြောင်းသိရှိရသည်။FUKUSHIMA,TOCHIGI,IBARAKI,
GUNBA တွင်စိုက်ပျိုးထားသော သီးနှံများကို မစားသုံးရန်လည်း နှိုးဆော်ထားသည်၊၊
ကလေးများ၏သောက်သုံးရေသော်လည်းကောင်း၊ နို့ဖျော်ရာတွင်လည်းကောင်း၊
ကလေးများ၏အသုံးအဆောင်များကိုလည်းရေသန့်ဘူးဖြင့်သာဆေးကြောသင့်ကြောင်းနှင်.ကလေးများကိုဘုံဘိုင်မှ
လာသောရေများကိုသုံးပြီးရေချိုးပေးရန်ပင်မသင့်ကြောင်း၊တတ်နိုင်ပါက၊ ကလေးများကိုရေပေးချိုးခြင်း၊လက်ဆေးပေးခြင်း
များကိုပင်မလုပ်ပေးသင့်ကြောင်း၊ကလေးများကိုရေသန့်ဘူးများအသုံးပြုသင့်သည်၊၊
ရေသန့်ဘူးများသည်ဝယ်ရာတွင်ခက်ခဲခြင်းဖြစ်ပေါ်နေခြင်းအတွက်ကလေးများကိုရေဘတ်တိုက်ခြင်းလည်းကောင်းပြုလုပ်
သင့်သည်၊၊
ရေပိုက်မှလာသောရေများသည်ရေနွေးကျိုချက်ခြင်းဖြင်လည်းရေဒီယို အိုင်အိုဒင်းများ မှာပျက်ပျယ်သွားခြင်းမရှိသည့်အတွက်
ကလေးများအတွက်မသုံးသင့်ချေ၊
ကလေးများဆိုရာတွင်တတ်နိုင်ပါက၁၂နှစ်အရွယ်ထိမသုံးသင့်ပေ၊၊
မိဘများကရေပိုက်မှလာသောရေဖြင့်လက်ဆေးပါကလက်ကိုပြောင်အောင်သုတ်ပြီးမှကလေးများကိုကိုင်တွယ်သင့်သည်၊၊
လူကြီးများနေနှင့်လည်းအပြင်မှပြန်လာသောအပေါ်အဝတ်များကိုတနေ့သာဝတ်ပြီးအဝတ်လျှော်ခြင်းဖြင့်လည်းကောင်း၊
အဝတ်လျှော်စက်ထဲထည့်ပြီးပေါင်းခြင်းဖြင့်လည်းကောင်းပြုလုပ်သင့်သည်၊၊


ဟင်းသီး ဟင်းရွက်များတွင် ရေဒီယို ဓါတ်သင့်ပြီး မကြာခင် အားလုံးကို အထိပ်တလန့် ဖြစ်စေသော နောက် ထပ် ပြဿနာ တရပ်မှာ တိုကျို ပိုက်လိုင်းများမှ ရေများတွင် ရေဒီယို ဓါတ်သင့် ခြင်းဖြစ်သည်။ သို့သော်လည်း ပမာဏမှာ သေးငယ်ပြီး အန္တရယ် မရှိကြောင်း ပြောဆိုသည်။ 210 becquerels per liter of iodine-131 ရှိ ပြီး မွေးကင်းစ ကလေးများအတွက် သတ်မှတ်ထားသော အဆင့်ထက် ၂ဆများသည်ဟုဆို၊ အရွယ်ရောက် သူများအတွက် အဆင့်မှာ 300 becquerels per litre ဖြစ်သည်။

မွေးကင်းစ ကလေးများမှာ ရေဒီယို အိုင်အိုဒင်းများ အလွယ်တကူ ၀င်ရောက်နိုင်ပြီး လည်ပင်ရှိ လူခန္ဒာကို ဖွံဖြိုး စေသော ဓါတ်ထုတ်လုပ်မှု (Thyroid) ကို ကင်ဆာ ဖြစ်စေနိုင်ဟု ဆိုသည်။ မိဘများ အနေနှင့် မွေးကင်းစ ကလေးများကို ဘုံဘိုင်ရေ မတိုက်ရန် တိုက်တွန်း လိုက်သည်။ သို့သော်လည်း အနည်းအကျဉ်း တိုက်ပြီးသူများ အနေနှင့် စိုးရိမ်ရန် မရှိပါဟုဆိုသည်။

ယခု အတိုင်းအတာမှာ ခလေးများနှင့် အရွယ်ရောက်ပြီး သူများအတွက် လတ်တလော အန္တရယ်မရှိဟုဆို၊ အရွယ်ရောက် သူများအတွက် ဤရေကို တနှစ်တာ သောက်သုံးသည့်တိုင် အန္တရယ်မရှိဟုဆို၊ဤသတင်း ဆိုးကြောင့် လူများ အထိပ်တလန့် ဖြစ်ပြီး သောက်ရေသန့်ဘူးများ ဈေးကွက်တွင် ပြတ်လတ် သွားကြောင်း သိရသည်၊ ဓါတ်ပေါင်းဖိုများ အခြေအနေမှာ သိပ်ထူးခြားမှု မရှိသေးပါ။ Pump များ လည်ပတ်ရန် အသေးစိပ် စစ်ဆေးနေဆဲ ဖြစ်သည်။

No comments: