Friday, March 25, 2011

Friday, March 25, 2011
မြန်မာ-ထိုင်း နယ်စပ် တွင် အင်အား ပြင်း ငလျှင်လှုပ်၊နေပြည်တော် တွင် လည်း လှုပ်

တာချီလိတ် မြို့ ၏ အနောက်တောက် ဘက် ၁၅ မိုင်ခန့် အကွာနေရာ ကို ဗဟိုပြုပြီး လှုပ်ခတ်သွား သည့် ငလျှင် ကို USGS မှ သတင်းထုတ်ပြန်ထားသည်
March 24, 2011

နေပြည်တော်တွင် ည ၈ နာရီ ၄၆ မိနစ် အချိန်၌ အင်အား မဂ္ဂနီ ကျူ ၄.၃ အဆင့်ရှိ ငလျှင် နှစ်ခု ရှစ်မိနစ်ခြားစီ လှုပ်ခတ် သွားသည်။ နေ ပြည်တော်ရှိ အဆောက် အဦများ မှန်များကွဲ (Updated 9:12 PM) နေပြည်တော် ရှိ အထပ် မြင့် အဆောက် အဦ တစ် ချို့ တွင် ပျက် စီး မှု များ ရှိ

ရန်ကုန် တွင် ငလျှင် လန့် ကန်ထရိုက် တိုက် နေသူများ ချမ်းအေးသည့် ဒဏ် အံတုရင်း လမ်းပေါ် ထွက်နေ
(တာမွေ ၊ ကျောက်မြောင်း၊ စမ်းချောင်း ၊ရေကျော်)

လာရှိုးနှင့် သီပေါ မြို့  ကြား နေရာကို ဗဟိုပြု ပြီး အင်အားငယ် ငလျှင်များ ထပ်မံ လှုပ်ခတ် (Updated 9:15 PM)


ထိုင်းနိုင်ငံ ချင်းရိုင်မြို့ ၏ မြောက်ဘက် မိုင် ၇၀ ခန့် အကွာကို ဗဟိုပြုပြီး လှုပ်ခတ် သွားသည့် မဂ္ဂနီကျူ ၆ အဆင့် ရှိ ငလျှင် လှုပ် ခတ်ပြီးနောက် တာချီလတ် မြို့  နှင့် ချင်းရိုင် မြို့ ကြားနေရာကို ဗဟိုပြုပြီး အင်အား ၇.၀ အဆင့် ရှိသည့် ငလျှင် တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ခြင်း ကြောင့် တာချီလိတ် မြို့ တွင် အုတ်တံတိုင်း များ ပြိုကျခြင်း နှင့် နေအိမ် အချို့ ပျက်စီးခြင်း တို့ ဖြစ် ပေါ်ကြောင်း FreedomNews Group မှ သတင်း ရရှိသည်။

တာချီလိတ် မြိုနှင့် နယ်စပ် မယ်ဆိုင် မြို ကို ကူးသည့် တံတားအနီးရှိ ကမ်းနား နေအိမ် အချို့ ပြိုကျမှု ရှိပြီး တာံတား ရေလည်တိုင်များလည်း ပျက်စီးမှုရှိ၍ နယ်စပ် ဖြတ်ကျော် တံတားကို ပိတ်ထားလိုက်သည် ဟု တာချီလိတ် မြို့ မှ ကျန်းမာ ရေး ၀န်ထမ်း တစ်ဦးက FNG သို့ ပြောသည်။

ငလျှင် ငယ်များ ထပ်မံ လှုပ်ခတ်နေ သေးသည်ဟု အကောက်ခွန် ၀န်ထမ်းတစ်ဦးက ပြောသည်။မယ်ဆိုင်မြို့၏ မြောက်ဘက် မိုင် ၂၀ ခန့် နေရာကို ဗဟိုပြုပြီး ထပ်မံ လှုပ်သည့် ငလျှင်ကြောင့် တာချီလိတ် တွင် ပျက်စီး ဆုံးရှုံးမှုများ ရှိသည်။

တယ်လီ ဖုန်း လိုင်း များပြတ်တောက် ည ၉း၀၀ (မြန်မာ စံတော်ချိန်)

မြန်မာ ဖုန်းလိုင်းများ ပြတ်တောက်သွားပြီး ထိုင်းတယ်လီဖုန်းလိုင်း (မယ် ဆိုင်)(ချင်းမိုင်)ဖြင့် နောက်ဆုံး ရရှိသည့် သတင်းများကို ဆက် ဖော်ပြပေးသွားပါမည်။

မြန်မာ နိုင်ငံတွင်း မယ်ဆိုင်( ထိုင်း) ဖုန်းလိုင်အချို့လည်း ပြတ်တောက်နေသည်။ မယ်ဆိုင် ဘက်တွင် လည်း ပျက်စီး ဆုံးရှုံးမှု ရှိသည်။

တာချီလိတ် ၊ သီပေါ စုံစမ်း ဆဲ

တာချီလိတ် မြို့တွင် ငလျှင်ငယ်များ ထပ်လှုပ် တယ်လီဖုန်း လိုင်း၊ GSM ဆက်သွယ်မှု လိုင်းများ ပြတ်တောက် သွားပြီး FNG နှင့် တာချီလိတ် မြို့ခံစကား ပြောရင်း ပြတ်တောက်သွား သည်။ အခြား တာ ချီလိတ် တယ်လီ ဖုန်းများ ခေါ် ဆို ၍ မရ ။

ဒါပေမဲ့ လူတွေအားလုံးဟာ ဘယ်ကိုမှမသွားရဲတော့ သတင်းအချက်တွေ သိပ်မရ ဘူးဖြစ်နေတယ် ရတဲ့ ဘက်ကနေ ရအောင် လိုက်ပေးမယ်။

တာချီလိတ် မြို့ ၏ အနောက်တောက် ဘက် ၁၅ မိုင်ခန့် အကွာနေရာ ကို ဗဟိုပြုပြီး လှုပ်ခတ်သွား သည့် ငလျှင် ကို USGS မှ သတင်းထုတ်ပြန်ထားသ

No comments: