Monday, May 30, 2011

မြိုင်ကြီးငူ ဒေသရှိ BGF တပ်ဖွဲ့များ DKBA တံဆိပ် ပြန်တပ်ပြီး ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းဆီးထား

ကေအိုင်စီ သတင်းမှ...

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသရှိ နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့ဝင်များသည် ယမန်နေ့က ၎င်းတို့၏ တံဆိပ်များကိုချွတ်၍ DKBA တံဆိပ်များကို ပြန်ဝတ်ဆင်ကာ ယခင် DKBA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကျော်သန်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားလိုက် သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၁၀၁တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစော ဖောဒိုက “ကျော်သန်းကို သူ့လူတွေ ဖမ်းထားလိုက်ပြီ။ မြိုင်ကြီးငူမှာ ဘီဂျီအက်ဖ်မရှိ တော့ဘူး။ ဒီကေဘီအေ ပြန်ဖြစ်ကုန်ပြီ။ ဘီဂျီအက်ဖ်ကို မလုပ်တော့ဘူး။ ဒီကေဘီအေကို ပြန်ပြီးတော့ ကူးပြောင်းတာ”ဟု ပြောသည်။

No comments: