Thursday, June 2, 2011

ပူးပေါင်းတပ်ဖွဲ့ထဲသို့ ယခင်နယ်ခြားစောင့်တပ် နယက ဗိုလ်ချုပ်ထွန်းလှိုင် ပူးပေါင်းပါဝင်လာ

1 June 2011

tp://ninedeblood.blogspot.com/


နယ်ခြားစောင့်တပ်နယက(၇)ဦးထဲမှ ဗိုလ်ချုပ်ထွန်းလှိုင်သည် ဗိုလ်ချုပ်စောလားပွယ်၊ ဗိုလ်ဘိ၊
KNU တပ်မဟာ(၇)၊ဗိုလ်ချုပ်ဂျော်နီတပ်ဖွဲ့နှင့် ကျောင်းသားတပ်မတော်တို့ ပူးပေါင်းတပ်ဖွဲ့တွင်
သစ္စာခံပြီး ပူးပေါင်းသွားပြီဖြစ်သောကြောင့် မြိုင်ကြီးငူဒေသကို ထိန်းချုပ်ရန် အင်အား(၁၀၀၀)
ကျော်သွားပြီဖြစ်ကြောင်း KNU တပ်ရင်း (၁၀၁)မှ ဒုတပ်ရင်းမှူး စောဖေါဒိုက ပြောပါသည်။

မြိုင်ကြီးငူဒေသရှိ BGFများအားလုံးသည် ဆရာတော်ပြန်လည်ရောက်ရှိချိန်တွင် ဒီကေဘီအေသို့
အတိအလင်း ပြန်လည်ကူးပြောင်းသွားပြီး မိခင်အဖွဲ့အစည်းဖြစ်သော KNU ကရင်အမျိုးသား
အစည်းအရုံးနှင့်ပါ ပြန်လည်လက်တွဲနိုင်ပြီဖြစ်သောကြောင့် ကရင့်တော်လှန်ရေးကို အားပေးသူ
များအဖို့ အားတက်လာစရာပင်ဖြစ်သည်။

ထို့ပြင် လွတ်မြောက်သွားသော ဗိုလ်ချုပ်ကျော်သန်းသည် နေပြည်တော်သို့သွားပြီး စစ်ကူ
တောင်းခံခဲ့သော်လည်း '' မင်းတို့ပြသနာ မင်းတို့ရှင်းပါ၊ တို့မှာတောင် ပြသနာတွေ ဒုနဲ့ဒေး
နဲ့ အနိုင်နိုင်ပဲ" ဆိုပြီး နေပြည်တော်မှ ပြန်ကြားခဲ့ကြောင်းလည်း သတင်းရရှိပါသည်။


လက်ရှိကြံ့ဖွံ့အစိုးရသည် စစ်သုံးစားရိတ်ကို မတတ်နိုင်တော့ကြောင်း၊ ဗိုလ်ချုပ်လားပွယ်တို့
အဖွဲ့ကို ထိုးစစ်ဆင်နေစဉ် တစ်ရက်ကိုပျမ်းမျှ သိန်း(၄၀၀)ကျော်သုံးခဲ့၍စစ်သုံးစားရိတ်ဘတ်
ဂျက်ငွေ မရှိတော့ကြောင်း၊ ဗမာစစ်တပ် ထိုးစစ်ဆင်လာမည်ဆိုလျှင် ပြန်လည်ခုခံမည်ဖြစ်
ကြောင်း ကရင့်ပူးပေါင်းတပ်ဖွဲ့ အသိုင်းအ၀ိုင်းမှ ဆိုပါသည်။


ခုချိန်တွင် ဗမာစစ်တပ်သည် မြိုင်ကြီးငူဒေသရှိ ဒီကေဘီအေကူးပြောင်းလာသော တပ်ဖွဲ့
များကို ရိက္ခာထောက်ပံ့ပေးတော့မည်မဟုတ်ကြောင်းလည်း သိရပါသည်။ သို့ဖြစ်၍ ကရင့်
တပ်ဖွဲ့များပြန်လည်စည်းလုံးနေချိန်တွင် နိုင်ငံတကာရောက် ကရင်လူမျိုးများအားလုံး စား
နပ်ရိက္ခာများ ကူညီရန် သင့်တော်သော အချိန်အခါဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

No comments: