Thursday, June 2, 2011

ပိုက်ဆံပေးပြီး အခေါင်းထဲ ဝင်အိပ်ကြသူများ

Wat Prommanee လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ပိုင်း ၆၆ မိုင်အကွာအဝေးမှာ ရှိပါတယ်။ ထိုဘုန်းကြီးကျောင်းမှာတော့ အခေါင်း ၉ လုံး ထားရှိပါတယ်။ ယုံကြည်တဲ့ သူတွေကတော့ ထိုအခေါင်းထဲမှာ ဝင်ပြီး ခဏတာ အိပ်ရဖို့အတွက် ပိုက်ဆံပေးပြီး တန်းစီနေသူတွေကလည်း မနည်းလှဘူး။ ထိုအခေါင်းထဲမှာ တစ်မိနစ်ခွဲလောက် ဝင်ပြီး ပြန်ထလာရင် ညစ်နေတာတွေ အားလုံးလစ်သွားပြီး လန်းဆန်းတက်ကြွလာတယ်လို့ ဝင်အိပ်သူများက ဆိုကြပါတယ်။ မကောင်းတာတွေ စိတ်ညစ်တာတွေအားလုံး သေသွားပြီးဆိုတဲ့ ယတြာချေတဲ့သဘောမျိုးပေါ့။


No comments: