Wednesday, June 1, 2011

မြန်မာငွေဈေး ပြန်မာလာ အစိုးရသစ်လက်ထက်တွင် ဆန္ဒပြခွင့် ပထမဆုံး တရားဝင်တောင်းဆိုခြင်း

မြန်မာငွေ ဈေး တော်တော် ပြန်မာလာပါတယ်။

စင်ကာပူ က ၆၅၀ ကျော်ကျော်လေး ပဲ ရပြီး ဂျပန်ယန်းကတော့ ယန်းတစ်သောင်းလောက်မှ မြန်မာ ငွေ တစ်သိန်းပဲ ရမှာဖြစ်နေပါတယ်။

အဓိကတော့ မြန်မာသမ္မတ ဦးသိန်းစိန်၏ သုံးရက်တာ တရုတ်ပြည် ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ရထားလမ်း တည်ဆောက်ရေး အပါအ၀င် တခြား အကျိုးတူ စီးပွါးရေး လုပ်ငန်းများ ပူးတွဲလုပ်ဆောင်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး၊ ထိုလုပ်ငန်းများအကောင်အထည်ဖေါ်ရန် အတွက် တရုတ်မှ မြန်မာကို အမေရိကန် ဒေါ်လာ ၇၆၃ သန်း ထုတ်ချေးလိုက်ကြောင်း သိရသည်။

တရုတ်လူမျိုး အင်ဂျင်နီယာ ၄ ယောက် မြန်မာပြည်ထဲမှာ ပျောက်နေပါတယ်။

တရုတ်သမ္မတ ကြီး ကိုယ်တိုင် မြန်ပြည်သမ္မတ သစ် ဦးသန်းစိန် ကို ကြိုဆိုပါတယ်။

ကမ္ဘာရွှေဈေး ပြန်တတ်လာတာတွေ့ ရပါတယ်။


မြန်မာ ပြည်တွင်း တရားဝင်ဆန္ဒပြခွင့် ကို တောင်းဆိုထားတာတွေ့ ရပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အခန်း(၈) နိုင်ငံ သား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ၌ ဖော်ပြထားသော အပိုဒ် ၃၅၄ ၏ အပုဒ်ခွဲ (က)“ မိမိ၏ ယုံ ကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင်၊ ရေးသားဖြန့်ဝေခွင့်”နှင့် (ခ) “လက်နက် မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်”ကို အစိုးရသစ်လက်ထက်တွင် ပထမဆုံး တရားဝင်တောင်းဆိုခြင်း ဖြစ် သည်။

တောင်းဆိုထားသူများမှာ ၂၀၁၀ လွတ်တော်ကိုယ်စားလှယ် ၄ ဦးမှာ ဦးဝင်းချို၊ ဦးမင်းအောင်၊ ဦးစိုးကြည်၊ ဦးနေမျိုးဝေ တို့ဖြစ်ပြီးရှုံးနိမ့်ခဲ့သူများလည်းဖြစ် သည်။

No comments: