Sunday, July 3, 2011

စစ်ရေးတင်းမာနေတဲ့ မြိုင်ကြီးငူအရေးနဲ့ ပတ်သက်ပြီး တပ်ရင်းမှူး စောဖေါဒိုနဲ့ ဆက်သွယ်မေးမြန်းချက်

Sunday, July 03, 2011

စောဒါးဘို၊ ၀၃-၀၇-၂၀၁၁

ကချင်ပြည်နယ်ဘက်က KIA နဲ့ ဗမာစစ်တပ်တို့ ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ ကရင်ပြည်နယ်၊
မြိုင်ကြီးငူဒေသမှာတော့ စစ်ရေးတင်းမာမှုအနေအထားမှာရှိနေတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်
ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး KNU တပ်မဟာ(၇)၊ တပ်ရင်း(၁၀၁)
မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖေါဒိုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- မြိုင်ကြီးငူအနီး၊ တခွက်ဖိုးမှာ ဖြစ်ပွားတဲ့တိုက်ပွဲမှာ BGF အမှတ် ၁၀၁၁ မှ တပ်ရင်းမှူး ဒု ဗိုလ်
မှူးကြီး စိုးနိုင်ကျဆုံးသွားတယ်ဆိုတော့ ဒီအချိန်မှာ မြိုင်ကြီးငူရဲ့ အနေအထားက ဆက်ပြီး စစ်ရေး
တင်းမာနေတယ်လို့ ပြောလို့ရမလား။

တပ်ရင်းမှူးစောဖေါဒို - စစ်ရေးက အခု တင်းမာနေတယ်၊ မနေ့ မနက်ပိုင်းကလည်း နအဖရဲ့ တာ
ဝန်ပေးခိုင်းစေချက်အရ မောင်ချစ်သူနဲ့ မုတ်သုန်တို့က အင်အား (၂၀၀ )လောက်ရှိတဲ့ ကားအစီး
(၂၀)နဲ့ မြိုင်ကြီးငူဘက်ကို ထွက်သွားတယ်။ ဒီအင်အားတွေနဲ့ သူတို့ဘာတွေလုပ်မယ်၊ ဘယ်လို
လှုပ်ရှားမယ်ဆိုတာ နောက်ဆက်တွဲသတင်း ဘာမှမရသေးပါဘူး။

မေး- ဒါဆို ဗိုလ်ချစ်သူ၊ ဗိုလ်မုတ်သုန်တို့တပ်ဖွဲ့ဟာ မြိုင်ကြီးငူကို ပြန်လည်သိမ်းပိုက်ဖို့ အရိပ်အ
ယောင် ရှိနေတယ်ပေါ့။

အခုဟာက အဲလိုထင်ကြေးပေးရမှာပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ နအဖ တိုင်းရင်းမှူးအမိန့်အရ
သွားတာကိုး။ တစ်ချို့သော ရဲဘော်တွေကတော့ အချင်းချင်းတိုက်ရမှာ မလုပ်ချင်ကြဘူး။ ညီအစ်ကို
အချင်းချင်း မလုပ်ချင်ကြတဲ့ အနေအထားမှာ ဘယ်လိုပုံလာဦးမလဲဆိုတာ အဖြေက ထွက်မလာ
သေးဘူး... နော်။

မေး- တကယ်လို့ ဗမာစစ်တပ်ရော၊ ဗမာစစ်တပ်ဘက်က သစ္စာခံ ဗိုလ်ချစ်သူတို့လို နယ်ခြားစောင့်
တပ်ဘက်က ဗိုလ်ဘိကို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ကမ်းလှမ်းလာမယ်ဆိုရင် ဗိုလ်ဘိအနေနဲ့
ဘယ်လိုတုံ့ပြန်မယ်လို့ ထင်ပါသလဲ။

ဒီလိုရှိပါတယ်၊ ဒီပြသနာစဖြစ်တာက မေ (၂၅)ရက်ညမှာ၊ ဗိုလ်ဘိတို့တပ်ဖွဲ့က ဗိုလ်မှူးဘသိန်းတို့
အဖွဲ့ ကို ၀င်ရောက်ပစ်ခတ်ရာမှာ ဗိုလ်ဘသိန်းဘက်တပည့် (၂)ယောက် ကျဆုံးသွားတယ်၊ ဗိုလ်မှူး
ဘသိန်းလည်း ထွက်ပြေးလွတ်မြောက်သွားတယ်၊ ပြသနာက အဲဒီကနေစပြီးတော့ ဇွန်လ(၃)ရက်နေ့
မှာ နအဖဘက်က တိုင်းရင်းမှူး ဗိုလ်ချုပ်ထွန်းနေလင်းဟာ ဗိုလ်ဘိနဲ့တွေဖို့ မြိုင်ကြီးငူကိုသွားပေမဲ့
ဗိုလ်ဘိကအတွေ့မခံဘူး၊ပြီးတော့ ဇွန်(၆)ရက်နေ့မှာ ဗိုလ်ဘိအား မြိုင်ကြီးငူမှာရှိတဲ့ BGF အားလုံးကို အာဏာသိမ်းခေါင်းဆောင်လို့ မှတ်တဲ့ ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကိုယ်တိုင်က ဗိုလ်ဘိနဲ့ တွေ့ဖို့ သွားပြန်ပါတယ်။ SPDC က ဗိုလ်ဘိနဲ့ ဆွေးနွေးချင်တာကိုး။ ဒါကို ဗိုလ်ဘိက လုံးဝ လက်ခံတွေ့ဆုံ
မှု မရှိပါဘူး။ ပြီးတော့ ဇွန်လ(၈)ရက်နေ့မှာ ဆရာတော်ဦးသုဇနက မြိုင်ကြီးငူကို ပြန်ရောက်လာတယ်၊
အဲဒါ (၉)ရက်နေ့၊ (၁၀)ရက်နေ့မှာ ချစ်သူတို့ဘာတို့ သွားသေးတယ်၊ မောင်ချစ်သူသွားတဲ့အချိန်မှာ
ဆရာတော်က ဗိုလ်ဘိနဲ့ ပေးတွေ့လိုက် ပြီးတော့ သူတို့ကို သစ္စာရေ သောက်ခိုင်းတယ်၊ ဆရာတော်
က '' မောင်ချစ်သူ....မင်းညီအစ်ကို အချင်းချင်း ပစ်ခတ်သတ်ဖြတ်ခြင်း လုံးဝမလုပ်ရဘူး၊ ဗိုလ်ဘိလုပ်
တာကို မင်းကလက်မခံဘူး၊ မင်းဒီကေဘီအေကို ပြန်ပြီး လက်မခံနိုင်ရင် နေ..ရတယ်၊ BGF ပဲလုပ်၊
ဒါပေမဲ့ ညီအစ်ကို အချင်းချင်း ပစ်ခတ်သတ်ဖြတ်တာကို မင်းလုံးဝ မလုပ်ရဘူး၊" မိန့်ကြားတာကို လက်
ခံပြီး သစ္စာရေ သောက်တယ်လို့ ကျွန်တော်တို့က သတင်းရတယ်၊ အဲဒီလို အခြေအနေမှာ ရှိခဲ့တယ်။
တင်းမာမှုက တဖြည်းဖြည်းကြီးထွားလာပြီး တပ်မ(၄၄)လက်အောက်ခံ တပ်တွေက လှာကာ၊ ထီ့ဖူးခလုံး
တွေမှာ တပ်လာချထားတဲ့ အနေအထားတွေ ရှိလာတယ်။

မေး- ဗိုလ်ဘိတို့ဘက်ကရော စစ်ရေး ပြင်ဆင်မှု အခြေအနေက ဘယ်လိုရှိပါသလဲ။ဆိုလိုတာကKNLA
နဲ့ ထိရောက်တဲ့ ပူးပေါင်းမှုတွေ ရှိပါသလား။

အဲဒီအတွက် မပူပါနဲ့၊ ကျွန်တော်တို့က မဖြစ်ခင်ကတည်းက အဆက်အသွယ်ရှိပြီးသားပါ။ ကရင့်လက်
နက်ကိုင်တပ်ဖွဲ့တွေဟာ အချင်းချင်း ကူညီဖို့ ၀န်မလေးကြသလို လိုအပ်တဲ့ ဆေးဝါး၊ ရိက္ခာကအစ ပံ့ပိုး
ကူညီမှုတွေ ရှိကြပါတယ်။

( ဆက်လက်တင်ပြပါဦးမည်)

No comments: