Sunday, July 3, 2011

ည ၁၀ နာရီမှာ မဲရလဒ်တွေ သိမယ်

တနေ့က ရဲအရာရှိတွေဟာ ဘတ်ငွေ ၁၀၀တန် အရွက် ၄,၀၀၀၊ ပစ္စတိုတလက်နဲ့ မဲဆွယ်စည်းရုံးသူအမည်၊ မဲ ပေးသူ တွေအမည်နဲ့ ကိုယ်စားလှယ်လောင်းအမည်ပါတဲ့ လက်ကမ်းစာစောင်တွေပါတဲ့ ပစ်ကပ်ကားတစီးကို ဖမ်းဆီးမိခဲ့ပါ တယ်။ ပစ်ကပ်ကားထဲက လူ ၃ ယောက်ဆီက ဘတ်ငွေ ၆၄၀၀ လက်ခံရကြောင်း မူအန်း ခရိုင်မှာ နေသူ မစ္စက်ထုံဖွန်း က ၀န်ခံပါတယ်။ ရဲတွေက ကားကို မိပေမဲ့လည်း လူ ၃ ယောက်က လွတ်သွားတယ်လို့ အထူးစုံစမ်းရေးဌာနခွဲ ရဲမှူး က ပြောပါတယ်။ စနေနေ့ မွန်းတည့်ချိန်လောက်ကလည်း လတ်ဖယောက်ခရိုင်မှာ မဲရုံနားက လူမနေတဲ့ အဆောက်အ ဦတခုထဲမှာ MK II ဗုံးတလုံးကို ရဲတွေက တွေ့ရှိခဲ့ပြီး စနက်တံကို ဖယ်ရှားနိုင်ခဲ့ပါတယ်။

သြစတြေးလျနဲ့ ဗြိတိန်သံရုံးတွေက ရွေးကောက်ပဲအတွင်းနဲ့ ရွေးကောက်ပွဲအပြီးအစိုးရဖွဲ့ချိန်အတွင်းမှာ အကြမ်းဖက်မှု နဲ့ ဆူပူမှုတွေ ဖြစ်နိုင်တာကြောင့် ထိုင်းနိုင်ငံသွားတဲ့ခရီးသွားတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့သူတို့နိုင်ငံ သားတွေကို အထူးသတိထားကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ “ရွေးကောက်ပွဲရလဒ်တွေ အတည်ပြုနိုင်ဖို့ သြဂုတ် လ ၂ ရက်နေ့ထိ ကြာမှာဖြစ်ပြီး နိုင်ငံရေးအခြေအနေတွေက အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အထိ စိုးရိမ်ရတဲ့အခြေ အနေရှိတယ်” လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ရဲ ဌာနချပ်အနေနဲ့ ရွေးကောက်ပွဲ ဥပေဒ အာဏာတည်စေဖို့အတွက် ရဲအင်အား ၁၈၃,၁၂၉ ယောက်ကို တာဝန်ပေး ထား တယ်လို့ အမျိုးသားရဲချုပ်နဲ့ ရွေးကောက်ပွဲ ငြိမ်းချမ်းစွာဖြစ်ပေါ်ရေးဌာနချုပ်မှူး ဖြစ်တဲ့ ရဲဗိုလ်ချုပ် ကြီး ၀ီချီးန်ဖုတ် ဖို ဆရီးက ပြောပါတယ်။ ကော်မရှင်အနေနဲ့ မဲရေတွက်ဖို့နဲ့ မဲရလဒ်တွေထုတ်ပြန်ဖို့အတွက် ထိုင်းဘုရင့် ရဲတပ်ဖွဲ့၊ ထိုင်း နိုင်ငံရုပ်မြင်သံကြားအဖွဲ့နဲ့ အီလက်ထရောနစ် အုပ်ချုပ်ရေးအေဂျင်စီ စတဲ့ တခြား အေဂျင်စီ ၃ ခုနဲ့အတူ အလုပ်လုပ် နေပါတယ်လို့ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးချုပ် ဆူသီဖုန်ထဗီး ချိုင်ယာဂါးန်က ပြောပါတယ်။ ရွေးကောက် ပွဲကော်မရှင်က မဲရုံပိတ်ပြီး ၇ နာရီအကြာ တနင်္ဂနွေ ည ၁၀ နာရီမှာတော့ တရားမ၀င် ရလဒ်ကို သိပြီး ကြေညာနိုင်မှာ ဖြစ်ပါတယ်။ မဲပေးသူတွေ မဲရုံကို အလွယ်တကူ သွားနိုင်ဖို့ ထိုင်းနိုင်ငံ အမြန် မြေအောက်ရထားလိုင်းက မနက် ၆ နာ ရီကနေ ညနေ ၄ နာရီထိ အခမဲ့ပြေးဆွဲပေးမှာ ဖြစ်ပါတယ်လို့ ဒုတာ ၀န်ခံရွန်နာချစ်ရေးဆာအာ့ဒ်က ပြောပါတယ်။

ဇူလိုင် ၃၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

No comments: