Saturday, July 9, 2011

ကချင်ပြည်နယ်မှပေးပို့ လာသော ဗမာ့တပ်မတော် သတင်း အီးမေးမှလက်ခံရရှိပြီး မူရင်းအတိုင်း တင်ပေးလိုက်ပါသည်။

ပေးပို့ သူ - လက်လထော

ဗမာစစ်တပ် ထောင်ထား သော မိုင်းကြောင့် အရပ်သား(၂) ဦး ဒဏ်ရာရ

ကချင်ပြည်နယ် တနိုင်း အခြေစိုက် ဒကစ တပ်နားက စုပေါင်းဂိတ် အနည်း မှာ ခလရ (၈၆) မှ ထောင်ထားသောမိုင်းကြောင့် မနေ့က ညနေပိုင်း ၄နာရီလောက်မှာ တနိုင်းရွာခံ( မှန်းဒိန် ရပ်ကွက်) မှ မောင်သီဟဇော် အသက်(၂၄)နှစ်ဟာ ခြေထောက်နှစ်ဖက်ပြတ်သွားကြောင်းသိရပါတယ်။ ညနေပိုင်း ၉ နာရီ လောက်မှာ လည်း ဒကစ တပ် နှင့် တစ်မိုင်အကွာဝန်းကျင် မှာ တနိုင်းရွာခံ (တနိုင်းဒူကောင်ရပ်ကွက်) မောင်ဒိန်ရိန်တူး အသက်(၂၂)နှစ် မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ပြတ်သွားကြောင်း သတင်းရရှိသည်။

နှစ်ဦးစလုံးတနိုင်းဆေးရုံ တွင် အရေးပေါ်ကုသခံနေရပြီး အသက်အန္တာရယ်စိုးရိမ်ရဖွယ်ရှိကြောင်းသိရသည်။
ယခုနှစ်အတွင်း ဗမာစစ်တပ် ထောင်ထားသောမိုင်းကြောင့် တနိုင်းရွာသား ၄ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရကြောင်း တနိုင်းရွာသားတစ်ဦးပြောကြားချက်အရသိရှိရပါသည်။

ကြက်ခိုးတော်တဲ့ဗမာစစ်သား

1. ကချင်ပြည်နယ် ဆင်ဘို မြို့ အနား ပန်ခေါ်န်ယန် ရွာ အခြေစိုက် ခလရ- ၁၄၂ မှ ဗိုလ်မှူးအောင်ရဲလင်း၏ စေခိုင်းမူကြောင့် 7.7.2001 ရက် နေ့ခင်း ကြောင်တောင် ကြက်ခိုးနေသော တပ်ခွဲ(၂) မှ တပ်သား မောင်တင်ထွေး ကိုယ်ပိုင်အမှတ် -၃၉၄၃၆၆ ကို တပ်ရင်း(၅)မှ ကချင် မျိုးချစ်ရဲဘော်များ ဖမ်းဆီးလိုက်ရကြောင်းသတင်းရရှိသည်။ယင်းကဲ့သို့ ခိုးစားသော ကြက်အကောင်ရေ မှာ (၄၀) ရှိပြီဖြစ်ကြောင်း မောင်တင်ထွေး ပြောကြားချက်အရသိရသည်။

No comments: