Sunday, July 3, 2011

ရန်ကုန်ရှိ ပင်စင်ဦးစီးဌာနတွင် လာရောက် စုံစမ်းမှုများ ပြုလုပ်နေကြသူများ

အစိုးရဝန်ထမ်း ပင်စင်စားများ အတွက် လစာကို တိုးမြှင့်ကြောင်း ကြေညာလိုက်ပြီးနောက် ရန်ကုန်ရှိ ပင်စင်ဦးစီးဌာနတွင် လာရောက် စုံစမ်းမှုများ ပြုလုပ်နေကြသူများကို သောကြာနေ့ ဇူလိုင် ၃ဝ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ပင်စင်လစာကို ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့က တိုးမြှင့်ပေးခဲ့သော အစိုးရဝန်ထမ်း လစာနှုန်းထား အတိုင်း ခံစားခွင့်ပြုလိုက်သည်ဟု နိုင်ငံပိုင်မီဒီယာများက ကြေညာခဲ့သည်။ သို့သော်လည်း ပင်စင်ဌာနဝန်ထမ်းများက တိုးမြှင့်လိုက်သော လစာကို ယခုထိ ရှင်းရှင်းလင်းလင်း မပြောနိုင်သေးဘဲ ဖြစ်နေသည်။

No comments: