Saturday, July 9, 2011

သထုံမြို့နယ် ရင်ဆိုင်တိုက်ပွဲနှင့် ကလိုထူးဘော ပြောက်ကျားတိုက်ပွဲ ဖြစ်


ရက်(၁၀၀)သက်တမ်းရှိ နေပြည်တော်သိန်းစိန်းအစိုးရ၏ ခိုင်းစေချက်အရ မောင်ချစ်သူသည် ဒီကေဘီအေ ပြန်ပြောင်းသွားသော ဗိုလ်ဘိဦးဆောင်သည့် တပ်ရင်း(၄)ရင်းကို စည်းရုံးရန် မြိုင်ကြီးငူသို့ ထွက်ခွါသွားသော် လည်း အောင်မြင်မှု မရရှိသည့်အပြင် တိုက်ပွဲက ပို၍ပင် ပြင်းထန်လာပါသည်။

ဒုဗိုလ်မှူးကြီးစောဘီခိုဦးစီးသော ဒီကေဘီအေတပ်ဖွဲ့သည်၀၇-၀၇-၂၀၁၁ နေ့တွင်သထုံမြို့နယ်၊ လော်ပူ
ကျေးရွာ၌ လှုပ်ရှားနေသော အစိုးရတပ်ဖွဲ့အား နံနက်(၇း၀၀)နာရီအချိန်တွင် ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး အလားတူ ၀၈-၀၇-၂၀၁၁ရက်နေ့၊ မနက်(၁၀)နာရီအချိန်တွင်လည်း မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဖွါ့ဝေါ်ကျေးရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။



ထို့ပြင် ၀၇-၀၇-၂၀၁၁ နေ့တွင်လည်း DKBAကလိုထူးဘောဗျူဟာတပ်ဖွဲ့များမှမြ၀တီမြို့နယ်
ဝေါ်လေဒေသ၌ တစ်ရက်တည်းအတွင်းမှာပင် ပြောက်ကျားတိုက်ပွဲ (၃)ကြိမ် ဖြစ်ပွားခဲ့ကြောင်း
လည်း သိရပါသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများမှာ -
၁။ မော်ကနုခီး (နံနက် ၆း၄၀)
၂။ ချုးကလီး(နံနက်၇း၂၀)
၃။ မောတူနှင့် ကွီးတာဟိုးအကြား(နံနက်၈း၅၀) တို့ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

အစိုးရတပ်မှ ဒဏ်ရာရရှိသူများကို ဝေါ်လေဆေးရုံတွင် လာရောက်ပို့ဆောင်ခဲ့ကြောင်း မျက်မြင်
သက်သေ များကပြောကြားမှုရှိသော်လည်း ထိခိုက်သေဆုံးမှု စားရင်းအတိအကျကို စုံစမ်းနေဆဲ
ပင် ဖြစ်သည်။

No comments: