Friday, October 28, 2011

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရကြောက်ရွံ့


တရုတ်သမ္မတ မစ္စတာ ဟူဂျင်းတောင် - 我怕昂山素季 ဝေါ်ဖာ့ အောင်ရှန်းစုကြည် တဲ့


ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘ၀အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကား ကြော်ငြာ၊ နမူနာတွေကို တရုတ်နိုင်ငံမှာ ပိတ်ပင်လိုက်ပြီ လို့ နယူးယောက်အခြေစိုက် အမေရိကန်တရုတ် ရုပ်သံဌာန NTD က ထုတ်လွှင့်သွားပါတယ်၊ တရုတ်ပြည်မှာ အင်တာနက်သုံးတယ်ဆိုရင် The Lady ရုပ်ရှင်အကြောင်း ကြည့်ရ ဖတ်ရတော့မယ် မဟုတ်ပါ၊ တရုတ်အစိုးရ လက်ရှောင်တဲ့ ဒီမိုကရေစီ ဆိုတာကို ရုပ်ရှင်ထဲ အသားပေးထားလို့ ဒီလို ပိတ်ပင်ဟန်တူတယ်လို့ တချို့က ယူဆနေကြပါတယ်၊ ရှန်ဟဲမြို့က ရှေ့နေ Li Tiantian ရဲ့ သုံးသပ်ချက်က ဒီလိုပါ......ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်အစိုးရ စိုးရိမ်တဲ့ သင်္ကေတ ဖြစ်လာပြီ၊ ဒါကြောင့် ပိတ်လိုက်တာပါ တဲ့.....သတင်းအသေးစိတ်ကို ရုပ်သံမှာ ကြည့်နိုင်ပါပြီ

No comments: