Tuesday, October 25, 2011

ကျည်ဆံထိမှန်တဲ့ သမ္မာ ကျမ်းစာ၏ အတိတ်နိမိတ်

Published on Monday, 24 October 2011 09:56
chyum-laika
ဗန်းမော်ခရိုင် မြန်မာ အစိုးရစစ်တပ်နှင့် ကေအိုင်အေကြား တိုက်ပွဲတစ်ခုတွင် အစိုးရဘက်မှ ကျည်ဆန်တစ်တောင့် ထိမှန်တဲ့ ကချင် သင်းအုပ်ဆရာ တစ်ဦး၏ သမ္မာကျမ်းစာအုပ်
ကချင်ပြည်နယ် မန်မော်မြို့နယ်ထဲက မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး KIA တိုက်ပွဲတခုမှာ မြန်အစိုးရတပ်ကပစ်လိုက်တဲ့ကျည်ဆံက ကချင်သင်းအုပ်ဆရာတစ်ယောက်ရဲ့ သမ္မာကျမ်းစာအုပ်ကို လာမှန်ပါတယ်။
ကျည်ဆံက သမ္မာကျမ်းစာအုပ်ရဲ့ တစ်ဝက်လောက်ဖောက်ထွင်း စိုက်ဝင်သွားပါတယ်။ ကျည်ဆံထိပ်ဖူးက ၃၇ ကြိမ်မြောက် ဆာလံကျမ်းမှာ ရပ်တန့်သွားပါတယ်။

အောက်တိုဘာ ၁၆ ရက် နေ့လည် ၁၂ နာရီကျော်မှာ ခုလိုဖြစ်သွားတာလို့ ပြောပါတယ်။

ကျမ်းချက်က “လက်ရှိဖြစ်ပျက်နေတဲ့ ကချင်အမျိုးသားများအပေါ် ခွန်အားပေးနေသလို” သင်းအုပ်ဆရာသည်လည်း ခွန်အားရလျှက် မန်မော်(ဗန်းမော်)ဇုံနယ်သာသနာရုံးကို ကျည်ဆံထိမှန်လာတဲ့ သမ္မာကျမ်းစာအုပ်ယူလာပြီး သက်သေခံသွားပါတယ်။

“ဘုရားသခင်ကို ချီးမွမ်းလျက် ဆာလံ ၃၇ ကိုဖတ်ပြီး ခွန်အားယူကြပါစို့” ဆိုပြီး တိုက်တွန်းသွားပါတယ်။

No comments: