Sunday, October 23, 2011

ဗိုလ်မှူးလစာစား တပ်ခွဲမှူးအပါအ၀င် ရန်သူ ၂၀၅ တပ်ရင်းမှ (၁၁)ဦး ကျဆုံး



 မြန်မာပြည် ကြံ့ဖွံ့အစိုးရသစ်လက်ထက်တွင်  ပြည်တွင်းစစ်မီးတကျော့ပြန်တောက်လောင်လျှက်
ရှိရာ ကချင် ပြည်နယ်၊ သျှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေစဉ်နှင့်အမျှ တိုက်ပွဲ ဖြစ်ပွား လျှက်ရှိသည်။

ကရင်ပြည်နယ်တွင် ကော့ကရိတ်မြို့နယ်နှင့် မြ၀တီမြို့နယ်တို့တွင် အောက်တိုဘာ(၁၈)ရက်နေ့က
စပြီး   တိုက်ပွဲပိုစိပ်လာသည့်အကြောင်း   ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ   ဗိုလ်မှူးစန်းအောင်က
ဆိုပါသည်။

ြ ဒီ ကရင်ပြည်နယ်မှာတော့ ..အထူးသဖြင့် မြ၀တီနဲ့ ကော့ကရိတ်မြို့နယ်မှာဆိုရင် မိုးတွင်းကာလ
တုန်းက   တိုက်ပွဲ ကြိုကြားကြိုကြားသာ ရှိပေမဲ့   ယခု အောက်တိုဘာ (၁၈) ရက်နေ့နောက်ပိုင်းမှာ
တိုက်ပွဲက ပိုစိပ် လာပါ တယ်။ တစ်နေ့ကို (၃)နေရာ၊(၄)နေရာအထိ တိုက်ပွဲဖြစ်ခဲ့ပြီး ကျွန်တော်တို့
လည်း   နည်းဗျူဟာအသစ်နဲ့   ရှေ့ထွက်မိုင်းစစ်ဆင်ရေးကို  ပိုသုံးလာပါတယ်။   ဒီနည်းဗျူဟာက
ရန်သူကို   အထိနာစေခဲ့သည့်ပြင်  ပစ်မှတ်ရှာလို့လုံးဝမရပဲ  ရမ်းသမ်းမှန်းသမ်းသာ ပြန်ပစ်နိုင်တာပဲ
ရှိတယ်ဋ္ဋဋ္ဋ ဟု ဗိုလ်မှူးစန်းအောင်က ဆိုပါသည်။

ယမန်နေ့ည (၇)နာရီ(၁၅)မိနစ်အချိန်တွင် သေ့ဘော့ဘိုးနှင့် တောင်နီကြား၌ ရန်သူ ခမရ (၂၀၅)
တပ်ရင်း အား KNLA (၁၀၃) မှ  ဗိုလ်ဖိုးလေးဦးစီးသော  ကရင်ပူးပေါင်းတပ်ဖွဲ့တို့က  မိုင်းစစ်ဆင်
ရေးဖြင့် အားပြုတိုက်ခိုက်ရာမှာ ရန်သူဘက်မှ ဗိုလ်မှူးလစာစား တပ်ခွဲမှူး(၁)ဦးအပါအ၀င် အရာခံ
ဗိုလ်(၁)ဦး၊  တပ်ကြပ်ကြီး(၂)ဦးအပြင်  တပ်သား(၇)ဦး၊    စုစုပေါင်း(၁၁) ဦးကျဆုံးပြီး   (၂) ဦးမှာ
ပြင်းထန်စွာ ဒဏ်ရာရ ရှိကြောင်း သိရပါသည်။

သန်းရွှေ၏ အလိုတော်ကျ ရုပ်သေးအစိုးရဖြစ်သော နေပြည်တော်ကြံ့ဖွံ့အစိုးရအနေဖြင့်  မြန်မာ
ပြည်သည် အပြောင်းအလဲ  လမ်းကြောင်းပေါ်ရောက်ရှိနေပြီဟု   မည်သို့ပင်ကြေငြာမောင်းခတ်
နေစေကာမူ တိုင်းရင်းသားလူမျိုးစုအရေးနှင့်ပတ်သက်၍ နိုင်ငံရေးစားပွဲဝိုင်းပေါ်ရောက်အောင် တွန်းပို့ဖို့နေနေသာသာ လူမျိုးပြုတ်အောင် မိုက်မဲစွာ ဆက်၍ လုပ်ဆောင်နေဆဲပင် ဖြစ်သည်။

No comments: