Sunday, 23 October 2011 02:25 | |
![]()
နမ်ဆန်ယန် ကျေးရွာ၊ ၀ိုင်းမော်မြို့နယ်။
ကချင်ပြည်နယ် ၀ိုင်းမော်မြို့တွင် နေထိုင်သူ ကော့မိုင် အား မြစ်ကြီးနား-မန်မော် (ဗန်းမော်)လမ်း နမ်ဆန်ယန် ကျေးရွာတွင် အောက်တိုဘာ ၁၈ ရက်က မြန်မာစစ်သားများ ဖမ်းဆီးပြီး အဓ္ဓမပြုကျင့် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည် ဟု မျက်မြင်သက်သေများ ဆိုသည်။ ယင်းနောက် သူမ၏ ရုပ်အလောင်းကို ရွာအနီး နမ်ဆန်ခ(ချောင်း) တံတားအောက်တွင် ပစ်ထားခဲ့ကြောင်း မျက်မြင်သက်သေများ ဆက်ဆိုသည်။ မြန်မာစစ်တပ်နှင့် KIA ကြား နမ်ဆန်ယန်တွင် တိုက်ပွဲဖြစ်နေချိန် ထိုရွာတွင် ရောက်ရှိနေသည့် အစိုးရစစ်ကြောင်းမှ ဆယ်ကျော်သက် ကချင်အမျိုးသမီးအား အဓ္ဓမပြုကျင့်ကာ သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ မြန်မာအစိုးရသည် KIA အား ဇွန်လ ၉ ရက်နေ့မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်လာပြီးနောက် အစိုးရစစ်သားများ၏ ပြည်သူများပေါ် လူ့အခွင့်အရေးချိုးဖောက်မှု မျိုးစုံကျူးလွန်နေခြင်းကြောင့် နိုင်ငံတကာ၏ ဝေဖန်မှုကို ခံနေရပါသည်။ |
Sunday, October 23, 2011
ကချင် အမျိုးသမီးအား မြန်မာအစိုးရတပ်မှ အဓ္ဓမပြုကျင့် သတ်ဖြတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment