Sunday, October 23, 2011

လစ်ဗျားအာဏာရှင် ကဒါဖီ အသေမိပြီ



ယမန်နေ့က လစ်ဗျားခေါင်းဆောင် ကာဒါဖီးကို အသေမိသွားပြီဖြစ်ကြောင်း လစ်ဗျားကိုရောက်ရှိနေသော ဟီလာရီကလင်တန်နှင့် ကုလသမဂအတွင်းရေးမှုးဘန်ကီမွန်းတို့ကအတည်ပြုပြောကြားလိုက်ပြီ ဖြစ်သည်။

(၄၂)နှစ်ကြာ နာကျဉ်းခဲ့ကြတဲ့ ပြည်သူလူထုများက ကာဒါဖီအလောင်းအား ၀ိုင်းဝန်းကန်ကြောက်နေပုံမှာ ဒုတိယကမ္ဘာစစ်ကာလ အီတလီ အာဏာရှင်မူဆိုလိုနီကို သတ်ပြီးသောအခါ အလောင်းကိုလူထုက ၀ိုင်းဝန်းကန်ကြောက်သတ်ဖြတ်ခဲ့ကြသည့် ဖြစ်ရပ်နှင့်ဆင်တူပါသည်။

ဗမာစစ်အာအာဏာရှင်ကဲ့သို့ လစ်ဗျားနိုင်ငံကို စစ်အာဏာရှင်စံနစ်ဖြင့် (၄၂)နှစ်ကြာ အုပ်ချုပ်ခဲ့သော
ကဒါဖီသည် သန်းရွှေနည်းတူ တိုင်းပြည်ဘဏ္ဍာငွေများကို မိမိဆွေမျိုးကောင်းစားဖို့အရေး အလွဲသုံးစားပြုရုံသာမက ပြည်သုလူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့၍ ပြည်သူလူထု ဒေါသထွက် ကာ ပုန်ကန်မှုများ ဖြစ်ပေါ်လာခဲ့ရသည်။

နောက်ဆုံးတွင် နေတိုးမှ လေကြောင်းဖြင့် သူပုန်ဘက်ကိုကူညီခဲ့ခြင်းကြောင့် ကာဒါဖီသည် အီရတ်အာဏာရှင် ဆဒ္ဒန်ဟုစိန်နည်းတူ မွေးရပ်မြေတွင် ပုန်းအောင်းနေခဲ့ရသည်။

အခြေအနေမဟန်တော့သည့်အဆုံး မွေးရပ်မြေမှ ထွက်ပြေးရန် ကြိုးစားနေစဉ်မှာ လူထုထောက်ခံမှုရရှိသော ယခင်သူပုန်၏လက်ချက်ဖြင့် ယခုကဲ့သို့ အသေဖမ်းမိခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

ဒေါသထွက်နေကြသောလူအုပ်သည် သူ့ရုပ်အလောင်းကို ၀ိုင်းဝန်းကန်ကြောက်ပြီး အ၀တ်အစားများကိုပါ ချွတ်ခဲ့ကြသည်။

တိုင်းရင်းသားလူမျိုးစုများကို အမျိုးမျိုးဖိနှိပ်ပြီး တိုင်းပြည်ချွတ်ခြုံကျအောင် အုပ်ချုပ်ခဲ့သော မြန်မာစစ်အာဏာရှင်တို့၏ နောက်ဆုံးနေ၀င်ချိန်ကိုလည်း ယခုကဲ့သို့အဖြစ်ဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့ နိုင်ကြောင်း သတိချပ်စရာတစ်ရပ်ပင်ဖြစ်သည်။

No comments: