- Written by KNG
- Hits: 2999

ကေအိုင်အေကို ထိုးစစ်ဆင်ရန် ချီတက်နေသော မြန်မာအစိုးရ စစ်ကြောင်း
ကျူးလွန်သည့် စစ်သားများသည် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)အောက် အမှတ် (၁) အခြေစိုက်စစ်ဗျူဟာ (ကွတ်ခိုင်) လက်အောက်ခံတပ်ရင်းများဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
အောက်တိုဘာ ၂၂ ရက်နေ့တွင်လည်း မုန်ဘော်အနီး နီရှန်ဟူး(Ni Shang Hu)ကျေးရွာမှ နောက်ထပ် တရုတ်အမျိုးသမီး (၆) ဦးအားလည်း လားရှိုးအခြေစိုက် ခမရ (၅၂၂) မှ စစ်သားများ ပေါ်တာ ဆွဲခေါ်သွားကြောင်း ဒေသခံများပြောသည်။
ထို့အပြင် ၎င်းစစ်သားများသည် ထိုကျေးရွာမှ ပြည်သူများ၏ အိမ်မွေးတိရိစ္ဆာန်များကိုလည်း တံခါးမရှိ၊ ဓါးမရှိ ကြိုက်သလိုပစ်သတ်စားနေကြသည်ဟု ဒေသခံများဆက်ဆိုသည်
No comments:
Post a Comment