Sunday, June 26, 2011

14 Year Old Girl was stabbed by the Burmese Military Officer


Posted: Fri, 24 Jun 2011 02:19:52 PDT
ပဲခူးတိုင်း ဥဿမြို့သစ်မှာ ၄၀၅ တပ်ရင်းမှူး ဆိုသူက (၁၄) နှစ်အရွယ် ၉ တန်း ကျောင်းသူလေး တဦးကို ဓားနဲ့ ထိုးသတ်ခဲ့သလို သူ့ကိုယ်သူလည်း သတ်သေသွားခဲ့တဲ့ဖြစ်ရပ် ဇွန်လ ၂၂ ရက်နေ့ မနက် ၁၁ နာရီမှာ ဖြစ်ခဲ့ပါတယ်။ အကြောင်းစုံကို မိခင်ဖြစ်သူနဲ့ မျက်မြင်တဦးက ပြောပြထားပါတယ်။ ဓားနဲ့ ထိုးသတ်ခံရတဲ့ (၉) တန်းကျောင်းသူလေး ကတော့ မသက်နှင်းဆွေ ဖြစ်ပါတယ်။ ကျောင်းသူလေးရဲ့ အလောင်းကိုတော့ ပဲခူးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ ထားထားပြီး တပ်ရင်းမှူး ဆိုသူရဲ့ အလောင်းကိုတော့ သက်ဆိုင်ရာ စစ်တပ်က သယ်ယူသွားတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

No comments: