Wednesday, June 29, 2011

ခြေချော်နေသူကို ကယ်တင်ရာမှ နှစ်ဦးစလုံး ပြုတ်ကျသေဆုံး

အမြင့်တနေရာတွင် နားနားနေနေ

လက်ပိုက်နေသူ စောအယ်မူး၊ မျက်မှန်တပ်သူ မောင်မဲ
ပြုတ်ကျခဲ့သော အမြင့်ပေ ၁၀၀ကျော်မှ .....


ပြီးခဲ့သော ၂၇-၀၆-၂၀၁၁ နေ့ ၊ နေ့လည်(၁၂)နာရီအချိန်တွင် ကရင်အမျိုးသားဖြစ်သူ Saw Eh Moo
(၃၃)နှစ်နှင့် လုပ်ဖေါ်ကိုင်ဖက် မောင်မဲတို့နှစ်ဦး လုပ်ငန်းခွင်ရှိ ဆောက်လုပ်ဆဲ စက်ရုံအမြင့်မှ ပြုတ်ကျ
ခဲ့ပြီး နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့ပါသည်။

ဆန်စက်တည်ဆောက်မည့် ၄င်းလုပ်ငန်းခွင်သည် ကွာလာလမ်ပူမြို့၏ အရှေ့တောင်ဘက်ခြမ်း၊
ကီလိုမီတာ ၃၅၀ ကျော်ဝေးသော Perak ပြည်နယ်၊ Teluk Intan တွင် တည်ရှိပြီး ကရင်လူမျိုးအလုပ်
သမားများအပြင် အင်ဒိုနီးရှားနှင့် ဗမာလူမျိုးအလုပ်သမားများလည်း အလုပ်လုပ်ကြပါသည်။

သေဆုံးသွားသော စောအယ်မူးသည် ကျောက်ကြီးမြို့နယ်၊ ဆေးပုလဲရွာသားဖြစ်ပြီး အိမ်ထောင်မရှိ
သေးသော လူပျိုလူလွတ်တစ်ဦးလည်းဖြစ်ကြောင်း သိရပါသည်။ စောအယ်မူး၏ သူငယ်ချင်းဖြစ်သူ
စောခူက '' သူဟာ ဒီအလုပ်ကို စွဲစွဲလန်းလန်းရှိတယ်။ ကျွန်တော့်ကိုလည်း ဒီမှာလာလုပ်ဖို့ ခေါ်လာ
တာဖြစ်တယ်။ သူဟာ ရိုးသားပြီး အလုပ်ကို ကြိုးစားတဲ့အတွက် သူဋ္ဌေးတွေလည်း သူ့ကို တော်တော်
ကြိုက်တယ်။ ပြီးတော့ သူဟာ ရိုင်းပင်းကူညီတတ်သူတစ်ဦးလည်း ဖြစ်တယ်" ဆိုပြီး ပြောသွားပါသည်။

ဖြစ်ပွားပုံမှာ စောအယ်မူးနှင့် မောင်မဲတို့သည် အမြင့်ပေ (၁၀၀)ရှိသော စက်ရုံခေါင်မိုးပေါ်မှ အလုပ်လုပ်
နေရင်း နေ့လည် (၁၂)နာရီ ထမင်းစားချိန်တွင် အောက်ဆင်းရန် ခါးပတ်များဖြုတ်နေချိန်တွင် ခြေချော်
သွားသော မောင်မဲကို လှမ်းဆွဲရာမှ နှစ်ဦးစလုံးပြုတ်ကျပြီး ပွဲချင်းပြီးသေဆုံးခဲ့ရခြင်းဖြစ်သည်။

ထိုသို့အပေါ်တက် အောက်ဆင်းလုပ်ရာတွင် ဂရိန်းများဖြင့်သာ အသုံးပြုကြပြီး ရံဖန်ရံခါသာ ကိုယ်တိုင်
ဆင်း တက် လုပ်ကြကြောင်းလည်းသိရပါသည်။

No comments: