Friday, July 1, 2011

ဒေါက်တာစိုင်းမောက်ခမ်း နဲ့ တောင်ကြီးမြို့ပြည်သူ့ဆေးရုံ

ဒေါက်တာစိုင်းမောက်ခမ်း နဲ့ တောင်ကြီးမြို့ပြည်သူ့ဆေးရုံ

တောင်ကြီးမြို့ရဲ့ စ၀်စံထွန်းပြည်သူ့ဆေးရုံကြီး ကို သမ္မတ ဖြစ်တဲ့ ဒေါက်တာ စိုင်းမောက်ခမ်း သွားရောက်အားပေးခဲ့ ပါတယ် သမ္မတကြီးဟာလူနာတွေကိုအားပေးရင်း ကယ်လစီယမ်ကိုကာ တစ်ခါသောက်အထုတ်နဲ့ စာအိတ်နဲ့ထည့်ထားသော ငွေကိုပါပေးလှူခဲ့ပါတယ် အဲ့ဒီမှာ သမ္မတကြီးရှေ့ကအားပေးစကားပြော စာအိတ်ပေးပြီးထွက်သွားတာနဲ့
တပြိုင်နက် သမ္မတကြီးနောက်က ပါလာတဲ့သူ သမ္မတကြီးအားထိုကဲ့သို့ လှူဒါန်း နိုင်ရန် စပွန်ဆာလုပ်သောသူမှလူနာများအားသမ္မတကြီးပေးသွားသော ငွေထည့်ထားသောစာအိတ်များကိုပြန်လည်သိမ်းယူသွားခဲ့ပါတယ်တောင်ကြီးမြို့ မှပြည်သူများကတော့တော်သေးတာပေါ့သမ္မတကြီးရယ်ကယ်လစီယမ်ကိုကာထုတ်လေးတွေကိုပါသိမ်းမသွားလို့ဟု ဟာသတစ်ပုဒ်ရသွားပါတော့တယ်

( စ၀်စံထွန်းမှ ဆရာဝန်တစ်ဦး၏ပြောကြားချက်ဖြစ်ပါသည် )

No comments: