Friday, July 1, 2011

ဂိုလ်ထောင်တွေ ထဲမှာ ဆန်တွေရှိတယ်။

လူတွေမှာ စားစရာမရှိဘူးလို့ ငြီးတွားနေတဲ့သူများအတွက် စားစရာရှိရာနေရာများကို စာရင်းပြုစုပေးလိုက်ပါတယ်။

၁-လူထု စားနပ်ရိက္ခာပြတ်တောက်မှုများ ဖြစ်လာပါက သွားရောက် ယူစားနိင်တဲ့ စာနပ်ရိက္ခာ ဂိုလ်ထောင်များ ကြည်မြင်တိုင်၊ အလုံ၊ ကမ်းနားတလျောက်မှာ ရှိတယ်။
၂- သိရိမင်္ဂလာဈေးဘေးမှာ အာရှဝေါလ် ဂိုလ်ထောင်တွေ ရှိတယ်။
၃-ထီးတန်းဆိပ်မှာ စားအုန်းဆီ ဂိုလ်ထောင်တွေ ရှိတယ်။ (ဆီတွေက ဆပ်ပြာချက်တဲ့အဆင့် 3rd Grade ဆီတွေ ဒါကို စားသုံးဆီအဖြစ် သုံးနေတယ်။ ) စားလို့တော့မသင့် မီးရှို့ ရန်ကောင်းတယ်။
၎- ကီလီ ကမ်းနားတလျောက်မှာ စားသုံးကုန် ဂိုလ်ထောင်တွေ ရှိတယ်။ နိုင်ငံခြားကလာတဲ့ စားသုံးကုန်တွေ လဲ ရှိတယ်။
၅- ရွှေတိဂုံဘုရားလမ်း -အမှတ်သုံး ဂိတ်မှာတော့ ကား အကောင်းစားတွေ ရှိတယ်။
၆- ဗိုလ်တထောင် ဂိုလ်ထောင်တွေကတော့ သစ်နဲ့  ပြည်တွင်းသယ်ယူပို့ ဆောင်ရေးလက်အောက်ခံ သဘောင်္ကျင်း ရှိတယ်။
၇- ဆင်မလိုက်မှာတော့ ဆန်၊ ဆီ၊ ပဲ၊ ပြောင်းနှမ်းနဲ့ ရေထွက်စားသောက်ကုန်တွေ ရှိပါတယ်။
၈- ဆင်မင်းကွက်သစ်မှာတော့ ယုဇန ဌေးမြင့်ရဲ့ ငါးဒိုင်ရှိတယ်။ (နိင်ငံခြားပို့ လူတကိုယ်လောက်ငါးတွေနဲ့  ကလေးတကိုယ်လောက်ရှိတဲ့ ပုဇွန်ထုတ်ကြီးတွေ ရှိတယ်။ )
၉- ရေပြည်သာ ဂိုလ်ထောင်တွေမှာတော့ တော်ဝင်ဆောက်လုပ်ရေးကုမဏီက (တော်ဝင် ကိုလေး - မြို့တော်ဝန်ဦးကိုလေး မဟုတ်) သစ်တွေ ရှိတယ်။

လူတွေဟာ တော်တော်ငတ်လာတာကိုတွေ့ ရတယ်။ စားစရာကိုမရှိကြတော့ဘူး။ ဒါကြောင့်အကြံပြုချင်ပါတယ်။ လှိုင်ကမ်းနားတလျောက်မှာ ဂိုလ်ထောင်တွေမှာ ဆန်တွေ ပဲတွေအများကြီးရှိနေပါတယ်။နိင်ငံခြားကိုတင်ပို့  တဲ့ အ ကောင်းစားဆန်တွေ သားငါးတွေကိုခင်ဗျားတို့ ကိုတွေ့ စေချင်တယ်။ နိင်ငံတော်အကြီးအကဲတွေစားဖို့  ဆိုပြီ အိန္ဒယနဲ့ ထိုင်းက လာတဲ့ဆန်တွေလဲအများကြီးရှိနေတယ်။ ထိုင်းဘုရင်ကြီးစားတဲ့ဆန်ဆိုပြီး အရာရှိတွေကပြောနေကြပါတယ်။ ပေါက်ကျသွားတဲ့ဆန်အိပ် ထဲကဆန် တွေကို ကောက်စားကြည့်တာတောင်တော်တော်ကောင်းတယ်။ ချက်စားရင်တော့တော်တော်ကောင်းမဲ့ဆန်ပါ။

ကျနော်တို့က ဒီဂိုလ်ထောင်တွေထဲမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေပါ။ နောက်ထပ် ဂိုလ်ထောင်စာရင်းတွေလည်း ဆက်ပို့ပေးပါမယ်။ လူတွေကိုပြောပါ။ တခုခုဖြစ်လာရင် ဒီဂိုလ်ထောင်တွေကို ဖေါက်ပြီး စားသုံးနိုင်ပါတယ်။ ၈၈ တုံးက ဆန်ပြတ်သွားလို့ လှုပ်ရှားမှုကြီးကို မဆက်နိုင်တာကို ကျနော်တို့ မမေ့သင့်ပါ။

- ဂိုလ်ထောင်များ-

No comments: