Monday, June 27, 2011

နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးရဲ့ ရင်ဖွင့်သံ

25 June 2011

http://ehkhaungthaunt.blogspot.com/

ကျနော်တို့ ဘီဂျီအက်ဖ် ဖြစ်ရတာ ဆရာတော် (မြိုင်ကြီးငူ ဆရာတော် ဦးသုဇန) လက်မှတ်ထိုးလိုက် တာကြောင့်ပါ။ ဆရာတော်ကို မလွန်ဆန်နိုင်ဘူး။ ဆရာတော် ဘန်ကောက် ကနေ ပြန်ဆင်းလာတာနဲ့ နအဖက တကောက်ကောက်နဲ့ကို လိုက်ပြီး အတင်းကို လက်မှတ်ထိုးခိုင်း တာ။ မရမက လက်မှတ်ထိုးခိုင်းလိုက်တာ ဖြစ်မယ်။ လက်မှတ်ထိုး ပြီးသွားတော့ ဘာလုပ်လို့ရတော့ မလဲ။ အားလုံးက ဆရာတော်ကို ရိုသေကြတယ်။ လေးစားကြတယ်။ ကြည်ညိုကြတယ်လေ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihgVbxqevDliF9meaJ9cg6mnQvdEXXPDMHg8zuBfXGNunrtHFK7-d3XZGmApHwU-7bzB6kI137gFVPHBgg14_aHURCLHM9LPVflnLSgSTl8jxzm-SIwe8AwQJl5woM2_7irjt8OOiXSGO7/s1600/3.jpgအတင်း ထိုးခိုင်းလိုက်တာပါ၊ လက်မှတ်ထိုးပြီး သွားတော့ အများစုက လုပ်ကြရတော့တာပေါ့။ မလုပ်ရင် ဆရာတော် ခေါင်းပေါ်ကို ကျလာမယ်လေ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ခေါင်းဆောင်တချို့ မပြတ်သားကြဘူး။ နောက် တောထဲ ပြန်မ၀င်ချင်ကြဘူး။ အမျိုးကိုတော့ ချစ်ကြတယ်။ ဘီဂျီအက်ဖ်ပြောင်းတဲ့နေ့ကဆို ဗိုလ်ချုပ်ဖားနွီး မျက်ရည်ကျရတယ်။ ငါသားသမီးတွေ ခုသူများ သားသမီးဖြစ်ရတယ်ဆိုပြီး မျက်ရည်ကျခဲ့ရတာပါ။ ဒါပေမယ့် လွန်သွားပြီလေ။ ဘာမှ လုပ်လို့မရတော့ဘူး။ အစကတည်းက ဗိုလ်နှုတ်ခမ်းမွေးတို့လုပ်ရင် တမျိုးပေါ့။ ဗိုလ်နှုတ်ခမ်းမွေးလုပ်တာ ကောင်းတယ်။ သူ့ကို လူတွေ ကူညီကြတယ်။

ထောက်ခံကြတယ်။ ကမ္ဘာကလည်း ကူညီတယ်။ ဗိုလ်ချစ်သူတို့ ဗိုလ်ဘသိန်းတို့ လုပ်တာ က တ၀က်မှန်တယ်။ တ၀က်မှားတယ်။ လောဘအရမ်း ကြီးလွန်းတယ်။ ဒါပေမယ့် ကရင့် ယဉ်းကျေးမှုတွေ ဘာတွေတော့ ဖော်ထုတ်တာတွေတော့ ရှိတယ်။ ကရင်အချင်းချင်းတိုက်ရမယ်ဆိုရင် သူတို့လည်း မတိုက်ချင်ပါဘူး။ ဒါပေမယ့် သူ့စည်းစိမ်းကို သူမစွန့်လွတ်နိုင်ဘူး။ အဲဒါကြောင့် အဲလိုဖြစ်နေတာပါ။ အရေးကြီးတာက ကိုယ့်အထက်ခေါင်းဆောင်ပဲ။ သူတို့က တိုက်လို့ပြောရင် ငယ်သားတွေက တိုက်မှာပဲ။ ဗိုလ်နှုတ်ခမ်းမွေးတို့ စတိုက်တုံးက ကျနော်တို့ လက်အောက်ငယ်သားတွေ ဘာမှ လှုပ်လို့မရဘူး။ နယ်မြေချင်းလည်း မထိစပ်ဘူး။ ကိုယ့်ဘာကိုယ် ဘယ်လိုမှ လှုပ်ရှားဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ့်မှာ သားတွေ မယားတွေ ရှိသေးတယ်လေ။

ကေအဲန်ယူကိုတော့ ကိုယ့်မိဘလိုပဲ သဘောထားပါတယ်။ ကရင်အချင်းချင်းဆိုပြီး သူတို့ ကိုယ့်ကို မပစ်တာတွေ ကျနော်ကိုယ်တွေ့မှာ ရှိဖူးတယ်။ ဒါမယ့် ကေအဲန်ယူက ကရင်အချင်းချင်းညီညွတ်ဖို့ လိုလားပေမယ့် ကျနော်တို့ကို ပြန်လည်စည်းရုံးမှု ဆွဲဆောင်မှုတွေ သိမ့်မလုပ်ပေးနိုင်ဘူးလို့ မြင်တယ်။ ကျနော်တို့ အောက်ခြေက လူတွေက ဘာပြသနာမှတော့ မရှိပါဘူး။ လက်ရှိ ဗိုလ်ဘိတို့ ဒီကေဘီအေ အင်္ကျီာပြန်ဝတ်တာ ကျနော့အတွက်တော့ မဆန်းပါဘူး။

ကျနော်တို့လည်း ကိုယ့်ဝတ်ဆုံကိုယ်ပြန်ဝတ်တာပဲ။ လိုအပ်မှသာ ဘီဂျီအက်ဖ်ဝတ်စုံ ၀တ်ကြတာပါ။ ထူးခြားတာကတော့ စစ်တပ်ကို ပြန်အာခံလိုက်တာပဲ။ ဒါဟာ တနေ့တချိန်ကြရင် ပေါက်ကွဲလာမယ်ဆိုတာ ကြိုမြင်ထားခဲ့တာပဲ။ မလုပ်ချင်ပဲနဲ့ လုပ်ရတဲ့ ကိစ္စလေ။ လက်ရှိ ဘီဂျီအက်ခေါင်းဆောင်တချို့နဲ့ နအဖထိပ်တန်းခေါင်းဆောင်တွေက တခြားဘီဂျီအက်တပ်ရင်းတွေ ဗိုလ်ဘိတို့လို မဖြစ်ရအောင် တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာတယ်။ ကျနော့်အမြင်ကတော့ ကိုယ့်ရဲ့ ခေါင်းဆောင်က အဓိက အကျဆုံးပဲ လို့ မြင်တယ်။

တာဝန်ထမ်းဆောင်နေဆဲ ဘီဂျီအက်ဖ်တပ်ဖွဲ့ဝင်တဦး
(ဖတ်ရအဆင်ပြေအောင် စာအနည်းငယ် တည်းဖြတ်တာက လွဲပြီး မူရင်းအတိုင်းပဲ ဖြစ်ပါတယ်)

No comments: