Friday, July 1, 2011

တရုတ် - မြန်မာနယ်စပ်မြို့  ဂျယ်ဂေါင်မြို့ သို့  ဗမာစစ်တပ်မှ အရပ်ဝတ်များဖြင့်ဝင်ရောက်နေ


ဂျယ်ဂေါင်မြို့ သို့ ဝင်ရောက်ရန် အရပ်ဝတ်ဖြင့် တန်းစီးနေသော ဗမာ့တပ်မတော်သားများပုံ (ဓါတ်ပုံ- တပ်မှူးငယ် - လိုင်ဇာ)

KIA ဗဟိုဌာနချူပ် လိုင်ဇာမြို့ ကို သိမ်းပိုင်နိုင်ရန်အတွက် ဗမာစစ်တပ်မှ နည်းမျိုးစုံ အားထုတ်လျက်ရှိကြောင်း လိုင်ဇာမှ တပ်မှူးငယ်တစ်ဦးက ကျနော်တို့ ကို သတင်းပို့ ပေးလာပါတယ်။ တချိန်က KNU ရဲ့ဗဟိုဌာနချူပ်ဖြစ်တဲ့ မာနယ်ပလောကို တိုက်ယူတုန်းက DKBA ကို အသုံးချခဲ့သလို ယခု လိုင်ဇာကို သိမ်းပိုက်ရယူရအတွက် ကချင်လူမျိုးများဖြစ်ကြတဲ့ မထုနော်ရဲ့ ကေဒီအေအဖွဲ့ ၊ လဆာအောင်ဝါ ပြည်သူ့ စစ်အဖွဲ့ ၊ ဆခုံတိမ်ယိမ်း NDAK စသည့်အဖွဲ့ တို့ ကို ဗမာစစ်တပ်က မြောက်ပင့်ပြီး ကချင်အချင်းချင်းသတ်ဖြတ်ကြရန် ရှေးတန်းမှပါဝင်တိုက်ခိုက်ရန် စနစ်တကျ အစီစဉ်ရေးဆွဲထားကြောင်း သတင်းရရှိပါတယ်။ ဆက်လက်ပြီး ဗမာစစ်တပ်တွေက အရပ်ဝတ်များဖြင့် တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့ သို့ ဝင် ရောက်ရှိနေကြောင်း ကချင် ထောက်လှမ်းရေးများက ဓါတ်ပုံနှင့်တကွာပေးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

“ကြိုက်တဲ့ဖက်က လာဗျား ကျနော်တို့ က အသင့်ပြင်ထားတယ်။ ရန်သူဗမာစစ်တပ် မက အမျိုးသားသစ္စာဖေါက်အုပ်စုတွေပါ တက်လာပါစေ.. ဂရုမစိုက်ဘူး.. အားလုံးကို ရှင်းပစ်ပစ်လိုက်မယ်” ဟု လိုင်ဇာမှ တပ်မှူးငယ်က သတင်းပေးပို့ လာပါတယ်။

No comments: