Wednesday, June 29, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် ဒုဝန်ကြီး တွေ့ဆုံ



ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် ဒုဝန်ကြီး တွေ့ဆုံ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ ပါလီမန်နိုင်ငံခြားရေးရာ ဒုဝန်ကြီး မစ္စစ် Makiko KIKUTA ကို ဇွန်လ ၂၉ ရက် ၂ဝ၁၁ ခုနှစ်၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ၄၅ မိနစ်ခန့်အကြာ တွေ့ဆုံဆွေးနွေးခဲ့သည့် ဂျပန်ဒုဝန်ကြီးမှာ ၂ဝ၁ဝ နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီးနောက် မြန်မာပြည်သို့ ပထမဆုံး လာရောက်သည့် ဂျပန်နိုင်ငံ အဆင့်မြင့် အရာရှိ ဖြစ်သည်။ သူသည် မြန်မာအစိုးရ တာဝန်ရှိသူများနှင့်ပါ တွေ့ဆုံသွားမည် ဖြစ်သည်။


Ms. Makiko KIKUTA နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် တွေ့ဆုံ ဆွေးနွေးပွဲအပြီး ပါလီမန် ဒုတိယဝန်ကြီး Ms.Makiko KIKUTA ပြန်လည် ထွက်ခွာသည်ကို ဗုဒ္ဓဟူးနေ့ ဇွန် ၂၉ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။

Ms. Makiko KIKUTA နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပါလီမန်ဒုတိယဝန်ကြီး Ms. Makiko KIKUTA (အကျီစိမ်းနှင့်) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပွဲအပြီး ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ ရုံးချုပ်တွင် ဗုဒ္ဓဟူးနေ့ ဇွန် ၂၉ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော စားနပ်ရိက္ခာ ထောက်ပံ့ရေးတွင် ဂျပန်နိုင်ငံကလည်း အမေရိကန် ဒေါ်လာ ၅.၈၇ သန်း တန်ဖိုးရှိသော အဟာရ ဖြည့်စွက် အစားအစာ တန်ချိန် ၁၇ဝဝ နှင့် စားသုံးဆီ ၁၆၂၅ တန်တို့ကို လှူဒါန်းခဲ့သည်။


No comments: