Saturday, September 17, 2011

စောထွန်းနိုင်(၂၆)နှစ်၊ ဈာပနအခမ်းအနား ကျင်းပပြီးစီး

အသတ်ခံရသော စောထွန်းနိုင်ခေါ် စောလုပ်အားပေး၏ ဈာပနအခမ်းအနားကို ယမန်နေ့ 
(၁၆-၀၉-၂၀၁၁) ရက်နေ့တွင် ကျင်းပပြီးစီးသွားပြီဖြစ်သည်။
၎င်းဈာပနအခမ်းအနားကို MKO ဥက္ကဋ္ဌမန်းစိန်သန်း၊ နယကကြီး မန်းဒုံယောင်း၊ ညီဖြစ်
သူနှင့် အတူ စောထွန်း နိုင်၏ အလုပ်ရှင်နှင့် သူငယ်ချင်းတစ်စုက လိုက်လံပို့ဆောင်ခဲ့
ပါသည်။
MKO သည် သေဆုံးသူများ၏ နောက်ဆုံးဈာပနအခမ်းအနားကို ကိုးကွယ်ယုံကြည်မှု
အလိုက် သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်ပေးလျှက်ရှိပြီး ယခုသေဆုံးသူ စောထွန်းနိုင်
သည် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ကြောင်းလည်း သိရပါသည်။
စောထွန်းနိုင်နှင့် လူသတ်သမား(၂)ဦးသည် စားသောက်ဆိုင်တွင် အတူအလုပ်လုပ်ကြပြီး အချင်းချင်းစကားများကြရမှ ခိုက်ရန်ဖြစ်ပွားကြပြီး ဦးခေါင်းကို အုတ်ခဲဖြင့် အရိုက်ခံရကာ
သေဆုံး သွားရခြင်းဖြစ်သည်။ 
သွေးသံရဲရဲဖြင့် လဲကျသွားသောစောထွန်းနိုင်ကို စားသောက်ဆိုင်ဘေးနားရှိ မြောင်းထဲတွင် 
လူသတ်သူ(၂)ဦးက သွားရောက်ပစ်ချခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အလုပ်ရှင်က ပြောပြ
ပါသည်။
 
 
ဆက်လက်၍ အလုပ်ရှင်က `` ဒီလူသတ်သူ(၂)ယောက်အနက် တစ်ယောက်ကိုရဲတွေ မနေ့က ဖမ်းမိသွားပြီ။ တယောက်မိရင် နောက်တစ်ယောက်ဖမ်းမိဖို့ လွယ်ကူသွားပြီ`` ဟု ဆိုပါသည်။
စောထွန်းနိုင်၏ နောက်ဆုံးခရီး ဈာပနအခမ်းအနားဗွီဒီယိုဖိုင်ကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

No comments: