Wednesday, September 14, 2011

ဒေါက်တာလှိုင်မြင့် ဖယ်ဒရယ်ဆောင်းပါးမှ ဟာသ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjjyGJ6TB3ekbju7VHRcPw0_j8_W4oBnaXJvUbFUoLJJ9qprn26FdLPCl-9-rCd9aK7DEWltKUa5iq_ypeqrxDAZSA5mAAanIejzYsHH7GALnwft2wY99lQB4LkpomSbV9FMDClXSOsaO_/s1600/Untitled-1.jpg
ဒေါက်တာလှိုင်မြင့် ရဲ့သမိုင်းကျွမ်းကျင်တဲ့ အရေးအသား

ဖယ်ဒရယ် ဆိုတဲ့စကားကတော့ ရိုးသားတဲ့တိုင်းရင်းသားတွေနဲ့ ဗိုလ်ချူပ်အောင်ဆန်းလက်နဲ့ရေးသွားတဲ့ ပြည်ထောင်စုမူ ပင်လုံ စာချုပ် ချူပ်ဆိုခြင်းက ဇာတ်လမ်းစခဲ့တာပေါ့။ တိုင်းရင်းသားတွေအနေနဲ့ ဆယ်နှစ်ပြည့်ရင်ခွဲထွက်ခွင့်ရှိတယ် ဆိုပြီးစာချူပ်မှာပါရှိခဲ့တယ်။ တိုင်းရင်းသားတွေ ခွဲထွက်ခွင့်တောင်းတော့ မပေးခြင်ဘူး ဒါနဲ့  နေဝင်းနဲ့ လက်ဝါးရိုက်ပြီး ဦးနု  ထွက်ပြေးတယ်။ အဲ့ဒီအချိန်မှာ စစ်သေနာပတိချူပ်က စမစ်ဒွန်းဖြစ်တယ်။ ဒါပေမဲ့ နေဝင်း သူလုပ်ခြင်တာသူလုပ်ပြီး ကရင်တွေကို သတ်တယ်။ ဒီကိစ္စတွေကို စမစ်ဒွန်းက ဘယ်သူအမိန့်ပေးလို့လုပ်တာလဲဆိုပြီး ဦးနုကိုမေးတော့ ဦးနု မသိဘူး ဆိုပြီး ဘူးခံခဲ့တယ်။ ဒါတွေက အားလုံး သိပြီးသားဖြစ်နေလို့ ဆက်မပြောတော့ဘူး။ အခုပြောခြင်တာ ဒေါက်တာဒေါက်တာလှိုင်မြင့် ရေးတဲ့ဆောင်းပါး အကြောင်း - သူရေးထားတဲ့အပိုဒ်တွေကို အနီရောင်စာလုံးနဲ့ အောက်မှာဖော်ပြထားတယ်။ အင်မတန်မှရယ်ရတဲ့ ဟာသတွေလဲ ပါရှိပါတယ်။
ကိုယ်ပြည်နယ်နဲ့ ဆိုင်တဲ့ကိစ္စ တခုခုဆုံးဖြတ်ချင်ရင်တောင်မှ တိုင်းရင်းသားတွေ ခွင့်ပြုမှ တိုင်းရင်းသားတွေ သနားမှ လုပ်ခွင့်ရတော့မယ့် ဘ၀ကို လုံးလုံးရောက်သွားပါပြီ။
အဲ့ဒီလိုမဖြစ်ခြင်ရင် ပင်လုံစာချူပ်အတိုင်း တိုင်းရင်းသားတွေ ခွဲထွက်ခွင့်ပေးလိုက်လေ။ ဒါဆို ကိုယ့်ပြည်ကို စိတ်ကြိုက်အုပ်ချူပ်လို့ရပြီပေါ့ ဘယ်တိုင်းရင်းသား မျက်နှာမှ ကြည့်စရာမလိုတော့ဘူးပေါ့။ ဘာကြောင့် နှစ်လုံးထဲနဲ့ ဘောင်ဘီကြပ်နေတာလဲ။

ဒီရှစ်ပြည်နယ်မူကို ဗမာကိုယ်စားလှယ်တွေက လက်မခံနိုင်ကြပါဘူး။ လက်ခံဖို့ သိပ်ခက်နေပါတယ်။ လက်မခံတော့ တိုင်းရင်းသားတွေဘက်က ဒါမဟာလူမျိုးဝါဒ ဆိုတာကို တွင်တွင် အော်တော့တာပါဘဲ။ ဒါပေမဲ့ လွတ်တော်မှာက အဖွဲ့တွေ အကွဲကွဲဖြစ်နေချိန်ကို တိုင်းရင်းသားတွေက အခွင့်ကောင်းယူလာတယ်လို့ တပ်မှုးတွေက လုံးဝယူဆထားကြပါတယ်။

တိုင်းရင်းသားတွေ အခွင့်ကောင်းယူတာလား သူတို့ရဲ့ ပြည်နယ်ကို နည်းမှန်လမ်းမှန်နဲ့ တရားသဖြင့်ပြန်တောင်းဆိုနေတာမဟုတ်ဘူးလား။ အရင်ကတည်းက ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့ကြတာဘဲ။

အခုဒီမိုကရေစီ အနံအသက်လေး တစတစ ရှုလာရပြန်တော့ တိုင်းရင်းသားလူမျိုးစုတွေက ပင်လုံစိတ်ဓါတ်ဆိုပြီး တခါဒီရှစ်ပြည်နယ်မူကို ထပ်မံဖြည့်စွက်ထားတဲ့ ၁၀-ပြည်နယ်မူဆိုတာ အခုကိုင်ထားကြပါတယ်။
ကိုယ့်ပစ္စည် ကိုယ်ပြန်တောင်းနေတာလေ ဘယ့်သူ့ကို အားနာရမှာလဲ။

အဲဒီတော့ ကနေ့လွတ်လပ်မှုလေး တစတစဖွင့်ပေးလာတာကို ကျနော်တို့က အမျှော်အမြင်ကြီးကြီး သဘောထားကြီးကြီးနဲ့ လိမ္မာစွာယူကြမလား စားခွက်လုကြမလား။

တိုင်းရင်းသားတွေက ကိုယ့်ခွက်နဲ့ကိုယ်စားနေတာ။ ဗမာတွေက မှ စားမာန်ခုတ်၊ စားခွက်လုပြီး တိုင်းရင်းသားတွေ စားခွက်ကို သေးလှည့်ပန်း နေတာမဟုတ်ဘူးလား။


သြစတေးလျတို့မှာ မြန်မာတိုင်းရင်းသားတွေ အပါအ၀င် လူမျိုးပေါင်းစုံ ရောက်နေကြပါပြီ။ အခုကျနော်တို့ အတိုက်အခံ ၀က်ဆိုဒ်တွေပေါ်မှာ မင်းကဘာလူမျိုး ငါတို့ကညာလူမျိုးတွေ အော်ကြီးဟစ်ကျယ် လုပ်နေကြပါတယ်။ မြန်မာလိုချနေတာများပါတယ်။ ဒီလိုလူမျိုးကိုခွဲခြားပြီး အပြင်မှာပြောရင် အလုပ်မှာကအစ ဒီလူဟာ လူမျိုးရေးအစွဲကြီးသူ လူမျိုးရေးခွဲခြားသူ အဖြစ် အသတ်မှတ် ခံရမယ်ဆိုတာ ဒီလူတွေသိပ်သိတာပေါ့။ အဖြူတွေနိုင်ငံမှာနေ အဖြူတွေကြားမှာကျတော့ လူကိုလူလို့ဘဲ ပြောဆိုနေကြပြီး မြန်မာပြည်သားချင်းကြတော့မှ ဘာလူမျိုးက ဘယ်လို ညာလူမျိုးကနဲ့ အော်ချက်ထုတ်နေတာလေး ပြန်တွေးကြည့်ကြပါ။
မေးခြင်တာတစ်ခုကတော့ သြစတေးလျ သမိုင်းမှာ အဘော်ရီဂျင် (aboriginal) သမ္မတ ရှိဘူးလား။ ဗမာစစ်သားတွေ မီးရှို့တဲ့ရွာ၊ မုဒိန်းကျင့်တဲ့ အမျိုးသမီးတွေကတော့ တိုင်းရင်းသားတွေဘဲဖြစ်တယ်။ တိုင်းရင်းသားတွေဘက်က ဗမာအမျိုးသမီးဆိုပြီး မုဒိန်းကျင့်တာ၊ ဗမာရွာဆိုပြီး မီးရှို့သတ်ဖြတ်တာ ရှိခဲ့ဘူးလား ဆိုတာကို ကြည့်ခြင်းအားဖြင့် ဘယ်သူက လူမျိုးရေး အစွဲကြီးနေလဲဆိုတာ ဒေါက်တာကြီး မြင်တတ်ပါစေသား။ ဒီလို လက်ရှိအချိန်ထိလုပ်နေတဲ့ အစိုးရကို ဒေါက်တာကြီးက အခုဒီမိုကရေစီ အနံအသက်လေး တစတစ ရှုလာရပြန်တယ် လို့ ပြောနေပြန်တော့ ဒို့ဘယ်လိုနားလည်ရမှာလဲ။

လာပြီ အခုကျနော်တို့မူက ကယားပြည်နယ်လေးက သေးသေးလေးပေမယ့် အမေရိကန်လိုဘဲ လူမျိုးစုလွှတ်တော်မှာ ဗမာပြည်နယ်ကြီးလိုဘဲ ကိုယ်စားလှယ်ငါးဦး တန်းတူညီတူ တက်ခွင့် ပေးထားတယ်ပေါ့။ လာပြီ ကျနော်ထောက်ပြီ။ ခင်ဗျားတို့က ခုနက မေရီလင်းက လူမျိုးနာမည်မဟုတ်ဘူး ဒေသအမည် ပြည်နယ်ကို ကိုယ်စားပြုတယ်လဲ ဆိုထားတယ်။ အခုခင်ဗျားတို့ သုံးထားတာ လူမျိုးအမည် သုံးထားတော့ လူမျိုးစုလွှတ်တော်တဲ့။ ဟိုမှာက ဘာလူမျိုးကိုမှ စကားထဲထဲ့ မပြောရဘူး။

အဲ့ဒါဆို လွှတ်တော်တက်မဲ့ ခေါင်းဆောင်တွေ အကုန်လုံး ကို ဗမာလူမျိုးဆိုပြီး မှတ်ပုံတင်ပြောင်းပေးခြင်တဲ့သဘောလား။ ဒါမှမဟုတ် ဘယ်လိုနာမည်ပြောင်းပေးရမလဲ။
နယ်ကို ကိုယ်စားပြု သတ်မှတ်ထားပြီး လူမျိုးကို ကိုယ်စားပြုထားတာ မဟုတ်တော့ အဲဒီ့ အထက်လွှတ်တော်အမတ်က သူ့နယ်သားတွေ နယ်အကြောင်းတွေ တင်ပြတဲ့အခါ ဘယ်လူမျိုးကမှ မကျေနပ်စရာ မရှိတော့ဘူး။ ဒီမှာက ဥပမာ ရှမ်းလူမျိုး ကိုယ်စားလှယ်က ရှမ်းလူမျိုးအရေး ပိုပြောနေတာဘဲ ငါတို့ဓနုတွေ ပအိုဝ်းတွေအကြောင်း မတင်ပြဘူးဖြစ်ကုန်ပြီ။ တခါ ဥပမာပေါ့  အမျိုးသား/ လူမျိုးစုလွှတ်တော်မှာ နှစ်ယောက်ဆီဘဲ တက်ဖို့ သတ်မှတ်လိုက်တယ်။ ထားပါတော့ ရှမ်းပြည်နယ်မှာ ရှမ်းကတယောက်ပေါ့ ထားပါ ပအိုဝ်းကတယောက်ယူလိုက်ရင် ကျန်တဲ့လူမျိုးစု အငယ်တွေကို ဘယ်သူက ကိုယ်စားပြုတော့မလဲ။ ပြုပါတယ်ပြောလဲ ပထွေးနဲ့ ဆက်ဆံရသလို ခံစားနေရပြီလေ။ လူမျိုးအမည် တပ်ထားတော့ သူ့တို့ကိုချန်ထားရပြီ။
ပြည်နယ်တစ်ခုလုံး အတွက်တောင်းဆိုပါတယ်ဆိုမှတော့ ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ သူတွေအားလုံးအတွက်ပါပြီပေါ့။
ကိုယ့်စိတ်နဲ့ ကိုယ် နှိုင်းပြီးတော့ မပြောနဲ့လေ။ တိုင်းရင်းသားတွေသာ အဲ့ဒီလူမျိုးကြီးစိတ်ဓါတ်ရှိခဲ့မယ်ဆိုရင် အခုလောက်ဆို လူမျိုးစု ငယ်တွေလိုက်ရှာလို့ပါတွေ့မှာမဟုတ်တော့ဘူး။ ဥပမာ - ပဒေါင် လူမျိုး ဘာကြောင့် မြန်မာပြည်ကထွက်ပြေးပြီး ထိုင်းနိုင်ငံမှာ တိရိစ္ဆာန် များသဖွယ် အပြသခံနေရသလဲ၊ သူနေတဲ့ ပြည်နယ်က အမည်ခံ တိုင်းရင်းသားတွေကြောင့်လား ဗမာ စစ်တပ်ကြောင့်လား ဆိုတဲ့ အကြောင်းလေးကိုမေးကြည့်ပါ။

  ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တယ်။ ကရင်တကျပ် ဗမာတကျပ်တဲ့။
ဖက်ဒရယ်ပြည်ထောင်စု လို့ နာမည်တပ်ပြီး ဆောင်းပါး အရှည်ကြီးသာရေးတယ် ရွှီးနေတာ က ဘူးပေါ်သလိုပေါ်နေတယ်။ ဗိုလ်ချူပ် အောင်ဆန်း က ကရင်တစ်ကျပ် ဗမာတစ်ကျပ် လို့ပြောခဲ့ပါတယ်တဲ့... မှတ်သား လောက်ပါတယ်။ အားလုံး မှတ်ထားကြ စောဘဦးကြီးပြောခဲ့တာမဟုတ်ဘူးကွ။

ဒါကြောင့်သူ့ စကားက ဗမာတယောက်တမဲ၊ ကရင်တယောက်လဲတမဲ ဘယ်သူမှ မဲပိုမရစေရလို့ဆိုခဲ့တာ။ ဗမာပြည်နယ်တမဲ လို့ပြောချင်ရင် စကားပြောကထဲက ဗမာပြည်နယ်ထည့် ပြောမှာပေါ့။ အဲဒီလိုပြောချင်ရင် ကရင်ပြည်နယ်လို့ ပြောရအောင် ကရင်ပြည်နယ်လို့ အဲဒီအချိန်က ပြောတာခေါ်တာ မရှိသေးဘူး မဆိုကြသေးဘူး
ကရင်ပြည်လို့ခေါ်တာမရှိသေးဘူး ပြောပြန်တယ် ဘယ်ရှိမလဲ ကရင်တွေ ကိုယ်ပြည်နဲ့ ကိုယ်နေခဲ့တာ အနော်ရထာ လက်ထက်ကတည်းက သမိုင်းမှာရေးထားတာရှိတယ်။ နေခဲ့တာက ယခုလက်ရှိ ကယားပြည် နဲ့ ဧရာဝတီတိုင်းမှာပေါ့ နောက်ဆုံး လူမျိုးကြီးလုပ်ခြင်တဲ့ ဗမာတွေက လူမျိုးတူ၊ ရိုးရာတူ။ ယဉ်ကျေးမှု့တူရိယာတူ၊ ဝတ်စားဆင်ယင်မှု့တူကာ စကား အနည်းခြင်းကွဲတဲ့ ကရင်နီကို ကယားဆိုပြီးခွဲထုတ်လိုက်တယ်။ ဒါမှ ကရင် အင်အားလျော့သွားပြီး လွတ်တော်မှာ မင်းတို့က နှစ်ယောက်တစ်ပိုင်းလောက်နဲ့ ကိုယ်စားလှယ်လုပ်ခြင်လို့လားဆိုတဲ့ စကားပြောကောင်းတာပေါ့။

ဖယ်ဒရယ် ဆိုတဲ့ဆောင်းပါးတွေကို ဆက်တုန့်ပြန်ဖို့အတွက်ကတော့ ဆောင်းပါးရှင်ရဲ့ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တယ်။ ကရင်တကျပ် ဗမာတကျပ်တဲ့။ ပြောခဲ့ပါတယ်လို့ စကားကို ထောက်ရှု့ကြည့်သော် ကျုပ်အတွက် လက်ညောင်းယုံ သက်သက်သာရှိတော့မည်ဖြစ်တဲ့အတွက် ဤနေရာမှာဘဲ ရပ်နားပါတော့မည်။

No comments: