Thursday, September 15, 2011

နယ်ချဲ့နဲ့ ပဒေသရာဇ် ဘယ်ဒင်းကပိုဆိုးသလဲ ဦးလှိုင်မြင့်ရဲ့ ဖက်ဒရယ်ဆောင်းပါးနှင့်ပတ်သက်ပြီးတော့ (လောကပါလ)က အောက်ပါအတိုင်း အစချီပြီး ကွန်မန့်ရေးထားပါတယ်။ အင်မတန် အကဲဆတ်တဲ့ပြဿနာ တရပ် (Sensitive issue) ကို ဆရာဦးလှိုင်မြင့်က သူ့ဟန် အတိုင်း “ကိုင်” လိုက်လို့ အသံတွေ ပိုကျယ်သွားပေမဲ့ သူ့ရဲ့စေတနာကိုတော့ မြင်သာတယ် ထင်ပါတယ်။ သူအဓိက ပြောလိုတဲ့ လူမျိုး (races) ကို အခြေမခံဘဲ ဒေသကို အခြေခံတဲ့ ပြည်ထောင်စုစံနစ် ဆိုတာ ဟာလဲ ကျိုးကြောင်းသင့် တဲ့ အချက်တခု လို့ မြင်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ လောက် အထိ ကမ္ဘာကြီး လုံးတယ်ဆိုတာကို ၈၀% လောက်က လက်သင့် မခံနိုင်ခဲ့တဲ့ (အစွဲကြီးတဲ့) တိုင်းပြည်တပြည် အနေနဲ့ လူမျိုးကို (နာမည်ကိုပဲဖြစ်ဖြစ်) ဖျောက်ထားတဲ့ ဖွဲ့စည်းပုံတရပ်ဟာလည်း လက်တွေ့ကျတယ် ပြောဘို့ ခက်ပါတယ်။ (စာဖတ်ပရိတ်သတ်များ ဝေဖန်သုံးသပ်ကြည့်ပေတော့။)

At Kart

No comments: