Tuesday, September 13, 2011

ကေအိုင်အေတိုက်ပွဲသတင်း

၂၀၁၁၊ စက်တင်ဘာလ(၉)ရက်နေ့တွင် ကေအိုင်အေ တပ်ရင်း(၃)နယ်မြေရှိ ၀ိုင်းမော်မြို့နှင့်
ဝါးရှောင်ရွာလမ်းဆုံအနီး၌ ၀ ကိုအသေအလဲကြောက်သော  ဘောင်းဘီချွတ်သိန်းစိန်အစိုးရ
စစ်တပ်နှင့် ကေအိုင်အေ တပ်မဟာ(၅)လက်အောက်ခံ တပ်ရင်း(၃)တို့  မနက်ဝေလီဝေလင်း
အချိန်(၅)နာရီမှ (၆)နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ သိန်းစိန်ဘက်မှ (၃)ဦးထိခိုက်ဒဏ်ရာ  ရရှိ
ခဲ့ကြောင်း သိရပါသည်။
(၉)ရက် စက်တင်ဘာလ ၂၀၁၁ ရက်နေ့တွင် မွန်းလွဲ(၆)နာရီတွင် နမ့်ဆန်ယန်ကျေးရွာအနီး၊
ခါ့လား ၊ ဒွမ်ဘန်ဘွမ်ဒေသတွင် ကေအိုင်အေတပ်မဟာ(၅) လက်အောက်ခံတပ်ရင်း(၁၈) နှင့် ဦးသိန်းစိန်အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်းသိရှိရသည်။ ထို့အပြင် ရှဒန်ပါ၊ ခါ့အူးနှင့် ဂျာအိန်ယန် ဒေသကြားမှ(နမ့်ဆန်ချောင်းနှင့် ဧရာဝတီမြစ်ဆုံရာ) နမ့်ဖားရွာအနီး ညနေ(၅)နာရီ
မှ ည(ရ)နာရီ (၁၅) မိနစ်အတွင်း ကေအိုင်အေတပ်မဟာ(၅) စစ်ကြောင်းနှင့် ခလရ (၁၄၁-ဆင်
ဘိုတပ်) တို့နှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားကြောင်းသိရှိရသည်။ တိုက်ပွဲအတွင်း သိန်းစိန် အစိုးရစစ်တပ်ဧ။် ထိခိုက်ဒဏ်ရာ သေဆုံးကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
ကေအိုင်အေ တပ်မဟာ(၄) နယ်မြေ မူဆယ်-ကွတ်ခိုင်ဒေသအနီး မုံးရားရွာ အရှေ့ဘက် လွယ်
ဂျာ်ဘွမ် တွင် စက်တင်ဘာလ ၉-ရက်နံနက် (၉)နာရီတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွား၊  မွန်းလွဲ(၁) နာရီတွင် နောက်ထပ် တစ်ကြိမ်၊ မွန်းလွဲ(၃)နာရီမှ မွန်းလွဲ(၅)နာရီအထိ စုစုပေါင်း (၃) ကြိမ်တိုက် ပွဲဖြစ်ကြားကြောင်း သိရသည်။ ခလရ (၁၄၄) နှင့် ကေအိုင်အေတပ်ရင်း(၁၇)၊ကေအိုင်အေ တပ်
ရင်း(၂) တို့ တိုက်ပွဲဖြစ်ကြောင်း သိရသည်။ မိမိကေအိုင်အေမှ ရဲဘော်တဦး ထိခိုက်ဒဏ်ရာရပြီး သိန်းစိန်အစိုးရစစ်တပ်မှ ထိခိုက်ဒဏ်ရာသေဆုံးမှုကို အတိအကျမသိရှိရသေးပါ။

No comments: