Tuesday, September 13, 2011

စောထွန်းနိုင်(ခ)စောလုပ်အားပေး လုပ်ကြံသတ်ဖြတ်ခံရ

သေဆုံးသူ စောထွန်းနိုင်(ခ)စောလုပ်အားပေး

 ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကဒါကျေးရွာအုပ်စု၊ ကော့စံဘလဲရွာနေ စောထွန်းနိုင်
(ခေါ်) စောလုပ်အားပေး(၂၆)နှစ်သည် ယနေ့မနက် ၁၂-၀၉-၂၀၁၁၊ နံနက်အချိန်တွင် လုပ်
ကြံသတ်ဖြတ်ခံရပြီး သေဆုံးသွားကြောင်း သိရပါသည်။

စောထွန်းနိုင်(ခ) စောလုပ်အားပေးသည် Puchong , IOI ကုန်တိုက်အနီးရှိ ကော်ဖီဆိုင်တွင်
လုပ်ကိုင်နေပြီး အလုပ်ပြီးချိန် ဈေးထွက်ဝယ်နေစဉ် မသမာသူ မြန်မာတိုင်းရင်းသား(၂)ဦးက
စောင့်ကြိုရိုက်သတ်ခဲ့ကြောင်းလည်း သိရပါသည်။

၎င်းလူသတ်သမား(၂)သည် ထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး ရဲများက လိုအပ်သည်များကို
စစ်ဆေးမေးမြန်းလျှက်ရှိပါသည်။

စောထွန်းနိုင်သည် မလေးရှား ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော်တွင် လုံခြုံရေးအဖြစ် ၀ိုင်းဝန်း
လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ကျန်ရစ်သူညီတစ်ဦးနှင့်အတူ MKO အဖွဲ့အစည်းမှ အထူး
ဝမ်းနည်းကြေကွဲကြပါသည်။

ချည်ဖြူဖွဲ့ပွဲတော်မှ အမှတ်တရ

No comments: