Published on October 20, 2011

ဒီကေဘီအေ
ခေါ် တိုးတက်သောဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော်က အစိုးရတပ် ခမရ ၂၀၅
ရဲ့ စစ်ကြောင်းတခုကို ဆွဲမိုင်းနဲ့ တိုက်ခိုက်မှုဟာ ချိုကလီးဒေသ
ခွီးတာအယ် ရွာအနီးမှာ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအ
ကြောင်းကို ဒီကေဘီအေအဖွဲ့မှ ဗိုလ်မှူးစန်းအောင်က “ဒီမနက်ဘဲ
ခွီးတာအယ်ရွာထိတ်မှာ ရန်သူက ဝေါ်လေဘက်ကို ချီတက်လာတဲ့အချိန်မှာ
ကျနောတို့မိုင်းစစ်ဆင်ရေးနဲ့တိုက်ခိုက်တယ်။ အဲဒီမှာ
အသေအပျောက်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၈
ရက်နေ့ မနက်ပိုင်းမှာလည်း ဒီအေဘီကေက အစိုးရတပ် ခမရ ၂၀၃ တပ်ရင်းကို
တောင်နီတံတားထိတ်မှာ ဆွဲမိုင်းစစ်ဆင်ရေးနဲ့
တိုက်ခိုက်ခဲ့လို့အစိုးရတပ်သားတချို့ ဒဏ်ရာရ သေဆုံးမှုရှိကြောင်း
ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။
“သူတို့ဘက်က
အထိနာပြီးတော့ မိနစ် ၃၀ လောက် လက်နက်ကြီး
လက်နက်ငယ်တွေနဲ့ပြန်ပစ်ခတ်တယ်။ ပြောင်းခင်းရဲ့တဲနားမှာ ရွာသားတဦး
ဒဏ်ရာရသွားတယ်။ သူက လက်ရှိ မဲဆောက်ဆေးရုံမှာ ရောက်နေတယ်။ ရန်သူဘက်က ၅
ဦး ဒဏ်ရာရပြီး ၁ ဦး ကျဆုံးတယ်လို့သိရတယ်။”
အဲဒီနေ့
မနက် ၆ နာရီခွဲလောက်မှာ မြဝတီအထက် မိုင် ၁၀၀ လောက်မှာရှိတဲ့
သောင်ရင်းမြစ်ကမ်း မယ်သဝေါမြို့နယ်အနားက
ဒီအေဘီကေရဲ့ကော်ထစခန်းကို အစိုးရတပ်က စက်လှေနဲ့မောင်းပြီး
ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။
အောက်တိုဘာလ
၁၄ ရက် ကလည်း ကေအန်ယူ/ကေအန်အယ်လ်အေ တပ်မဟာ ၇ က အစိုးရတပ်တွေကို
ပြောက်ကျားစနစ်နဲ့ သုံးကြိမ်တိုက်ခိုက်ခဲ့ရာမှာ အစိုးရတပ်ဘက်က ၄ ဦး
ကျဆုံးပြီး ၅ ဦး ဒဏ်ရာရတယ်လို့ ကြားသိရကြောင်း ကေအန်ယူ တပ်မဟာ ရ က
တပ်ရေးဗိုလ် ဗိုလ်မှူး အဲ့ဆဲဆဲက ပြောပါတယ်။
No comments:
Post a Comment