Thursday, October 20, 2011

ှSource Photo from http://www.gizmag.com
နေရောင်ခြည်စွမ်းအင်သုံးယာဉ်မောင်းနှင်ပြိုင်ပွဲ
သြစတြေးလျ တွင်စ,တင်ကျင်းပနေ
19 Oct, 2011သြစတြေးလျ တွင်စ,တင်ကျင်းပနေ
သြစတြေးလျ နိုင်ငံ မြောက်ပိုင်းရှိ ဒါဝင် မြို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကီလိုမီတာ (၃၀၀၀) အကွာအဝေးကို မောင်းနှင်ရတဲ့ နေရောင်ခြည် စွမ်းအင်သုံးယာဉ်များ မောင်းနှင် ယှဉ်ပြိုင်တဲ့ ပွဲကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီ နေရောင်ခြည် စွမ်းအင်သုံးယာဉ် မောင်းနှင် ပြိုင်ပွဲ ဖြစ်တဲ့ World Solar Challenge ပွဲမှာ နိုင်ငံတကာမှ အဖွဲ့ (၃၇)ဖွဲ့ ပါဝင် ဆင်နွှဲ ခဲ့ကြပါတယ်။

Source Photo from http://www.gizmag.com

(Photo: Hideki Kimura)
Source Photo from http://www.gizmag.com
ယခုနှစ်မှာတော့
ဂျပန်နိုင်ငံရဲ့ တိုကာအီ တက္ကသိုလ်မှ ပြိုင်ပွဲဝင် အသင်းဟာ (၅)နှစ်ဆက်တိုက်
အနိုင်ရဖို့ မျှော်လင့်နေတဲ့ နယ်သာ လန် နိုင်ငံမှ ပြိုင်ပွဲဝင် အသင်းကို
အပြတ်အသတ် အနိုင်ရ ခဲ့ပါတယ်။ဂျပန် အသင်းဟာ ၎င်းရဲ့ ယာဉ် အရွယ်အစားနဲ့ အလေးချိန် ကို လျော့ချထားပြီး ပေါ့ပါးတဲ့ ပစ္စည်းတွေကို အသုံးပြုကာ ဖန်တီး ပုံဖော် ထားပါတယ်။
ဒါ့အပြင် အဲ့ဒီယာဉ်မှာ တပ်ဆင်တဲ့ ဘက်ထရီတွေကိုလည်း နီးနီးကပ်ကပ် ပူးတွဲ တပ်ဆင်ထားပြီး အဲ့ဒီယာဉ်ဟာ တစ်နာရီကို ကီလိုမီတာ (၉၀)သွားရောက်နိုင်ပါတယ်။ တိုကာအီ တက္ကသိုလ်မှ ပါမောက္ခ ကလည်း ၎င်းရဲ့ အဖွဲ့ဟာ ဂျပန်နိုင်ငံရဲ့ နည်းပညာ တိုးတက် လာမှုအပေါ်ကမ္ဘာက အထင်ကြီးစေဖို့ ဆန္ဒ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
ဂျပန် အသင်းက ပြိုင်ပွဲ ပထမနေ့မှာ ဒုတိယ ရရှိခဲ့ပြီး နယ်သာလန် အသင်းက တတိယ ရရှိခဲ့ပါတယ်။ ပထမ ရရှိတဲ့ အဖွဲ့ကတော့ အမေရိကန် တက္ကသိုလ်မှ ဖြစ်ကာ အဲ့ဒီ အဖွဲ့ဟာ လာမယ့် ကြာသပတေးနေ့မှာ သြစတြေးလျ နိုင်ငံ ရဲ့ တောင် ပိုင်းမြို့ ဖြစ်တဲ့ အာဒလီသို့ ရောက်ရှိမယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။
No comments:
Post a Comment