Wednesday, October 19, 2011

အယုဒ္ဓယခရိုင် ​ရေကြီး​မှု​ကြောင့်​ မြန်မာအလုပ်သမား​များ​ ဒုက္ခ​ရောက်​နေ

Published on October 18, 2011 
ဘန် ​ကောက်မြို့​ရဲ့​အထက်က အယုဒ္ဓယခရိုင် စက်မှုဇုန်ကြီး​ ၅ခု ​ရေနစ်မြုပ်သွား​တဲ့​အတွက် စက်ရုံ​တွေမှာလုပ်​နေကြတဲ့​ မြန်မာအလုပ်သမား​တွေ ဒုက္ခ​ရောက်​နေကြပါတယ်။
အယုဒ္ဓယ အီလက်ထ​ရောနစ်အလုပ်ရုံတရုံက မြန်မာအလုပ်သမား​ ကို သက်ပိုင်က “ရေကြီး​တာက ကျ​နော်တို့​ခါး​လောက်ရှိတယ်။ လုပ်ငန်း​ရှင်က ကျ​နော်တို့​ကို ပစ်ထား​တဲ့​ပုံစံဖြစ်​နေတယ်။ ဘာမှလည်း​ အကူအညီမ​ပေး​ဘူး​။ သူတို့​က အကူအညီမ​ပေး​တဲ့​အပြင် ကြိုတင်​ငွေလည်း​ ထုတ်မ​ပေး​ဘူး​။ မထုတ်​ပေး​တော့​ ဒီမှာ အလုပ်သမား​ ၂၀၀ ​ကျော် ၃၀၀ နီး​ပါး​ ​ရေကြီး​လာ​တော့​ ကျ​နော်တို့​အလုပ်ပိတ်ထား​တာ ၁၁ ရက်​လောက်ရှိသွား​ပြီ” လို့​ ​ပြောပါတယ်။
အလုပ်သမား​ ကိုချစ်ကိုက “သူ​ဌေး​ကလည်း​ ခု​လော​လောဆယ် ​ခေါင်း​ရှောင်လိုက်ပြီ​လေ။ စက်ရုံ​တွေကလည်း​ မြုပ်တယ်ဆို​တော့​ ပြန်ဖွင့်​ဖို့​မလွယ်ဘူး​လေ။ အဲလိုမျိုး​ဖြစ်​နေ​တော့​ သူ​ဌေး​ကလည်း​ ဗမာ​တွေ နင်တို့​လုပ်ချင်ရာလုပ်​ပေ​တော့​၊​ အလုပ်​ပြောင်း​ချင်လည်း​ ​ပြောင်း​ကြ​တော့​ဆိုတဲ့​ ပုံစံမျိုး​ သွား​စရာလာစရာ ခု​လော​လောဆယ် မရှိဘူး​ဖြစ်​နေတယ်” လို့​ ​ပြောပါတယ်။
အယုဒ္ဒယမြို့​က ​ဈေး​ဆိုင်​တွေမှာ အလုပ်လုပ်​နေတဲ့​ မြန်မာအမျိုး​သမီး​တဦး​ကလည်း​ ခုလို​ပြောပါတယ်။
“​ဈေး​ ထဲမှာလုပ်တဲ့​ တ​နေ လုပ်တ​နေ့​စား​ပေါ့​။ ​ရေကြီး​တော့​ စား​စရာမရှိဘူး​။ သူများ​လာ​ဝေတဲ့​အခါကျ​တော့​ ထွက်လာတယ်​ပေါ့​။ ရတဲ့​လူလည်း​ရ၊​ မရတဲ့​လူလည်း​ မရဘူး​။ ဒုက္ခသည်​တွေ​နေတဲ့​ ​နေရာကိုသွား​ဖို့​ဆိုတာ ညီမတို့​ ​ရေကို တနာရီနီး​ပါး​လောက် ကူး​ရတယ်။ ရင်ဘတ်​လောက်ကူး​ပြီး​တော့​မှ တက်သွား​တယ်။ ဒီမှာ ​လှေလည်း​မရှိဘူး​လေ။ တချို့​ယောကျာ်း​လေး​တွေက တ​နေ့​လုံး​စောင့်​ပြီး​ ည​နေမှ ရတာ​လေး​တွေကို ပြန်လာ​ကျွေး​ကြတာ။”
ထိုင်း​ နိုင်ငံအတွင်း​ ​ရေလွှမ်မိုး​နေတဲ့​ ခရိုင် ၁၅ ခုမှာ အလုပ်ရုံ​ပေါင်း​ တ​သောင်း​ကျော် ပိတ်ထား​ရဆဲဖြစ်ပြီး​ အလုပ်သမား​ ၃ သိန်း​ ၅ ​သောင်း​ကျော် အလုပ်လက်မဲ့​ဖြစ်​နေကြတယ်လို့​ ထိုင်း​နိုင်ငံအလုပ်သမား​ဝန်ကြီး​ဌာနက တနင်္လာ​နေ့​မှာ သတင်း​ထုတ်ပြန်ထား​ပါတယ်။
ရေ​ဘေး​သင့်​ သူ​တွေထဲမှာ မြန်မာအလုပ်သမား​တွေ ​သောင်း​ချီ ပါဝင်တယ်လို့​ မြန်မာအလုပ်သမား​အ​ရေး​ ​ဆောင်ရွက်​နေတဲ့​ အဖွဲ့​တွေက ခန့်​မှန်း​ကြပြီး​ အ​ခြေအ​နေ ပုံမှန်ဖြစ်လာမှ ​ရေ​ဘေး​သင့်​တဲ့​ မြန်မာအ​ရေအတွက်ကို ပိုပြီး​ တိတိကျကျ စာရင်း​ကောက်နိုင်မယ်လို့​ ဆိုပါတယ်။

No comments: