Sunday, October 16, 2011

ဘန်ကောက် မြို့နေ ပြည်သူများအား နေအိမ်မှ စွန့်ခွာရန် သတိပေး

ဘန်ကောက် မြို့နေ ပြည်သူများအား နေအိမ်မှ စွန့်ခွာရန် သတိပေး



Credit shangrilabkk's Channel

14 Oct, 2011

ရေကြီး ရေလျှံမှုများ ဖြစ်ပွား လာနေသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော နေရာ ဒေသများ ရှိ နေထိုင် သူများကို နေအိမ်များ မှ စွန့်ခွာကြရန် ထိုင်းအစိုးရမှ သတိပေးချက် ထုန်ပြန်လိုက် ပြီဖြစ်သည်။ အဆိုပါ အမိန့်ကို လွန်ခဲ့သည့် ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ ခြင်းဖြစ်ပြီး မြို့မြောက် ပိုင်းပတ်ဝန်းကျင် တွင်နေထိုင်သူ တစ်သောင်းခန့်မှာ နေရာရွေ့ပြောင်းနေထိုင်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။

တူးမြောင်းများမှ ရေများမှာ အချို့နေရာများတွင် ဒူးမြုပ်လောက်သည့် အခြေအနေသို့ရောက်နေပြီး အချို့သော ဒေသခံများမှာ စတင်ရွေ့ပြောင်းနေပြီဖြစ်သော်လည်း အချို့မှာမူ ၎င်း တို့၏ပိုင်ဆိုင် ပစ္စည်းများကို ပြောင်းရွေ့ရန်အတွက် သယ်ဆောင်ရန် လှေများမရှိသဖြင့် ဆက်လက်နေထိုင် နေဆဲပင် ဖြစ်သည်။ အစိုးရမှာ Chao Phraya မြစ်အားရေထပ်မံမတက်လာစေရေးအတွက် အထက်ပိုင်း များကို တူးဖော်နေကြသော်လည်း စံချိန်တင်ရွားသွန်း ခဲ့သည့်မိုးနှင့် အတူ မြစ်ရေကြီး မှုများကြောင့် ရေတက် မှု မြင့်တက်နေ ဆဲဖြစ်ပြီး ရေတား နံရံကို ကျော်လွန်တော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ မိုးလေဝသ ပညာရှင် များ၏ ခန့်မှန်းချက်အရ လာမည့် အပတ်အစောပိုင်း အထိ ပင်လယ်ရေ မြင့်တက်နေနိုင် ဆဲဖြစ်ကာ အောက်တိုဘာ လကုန်အထိ မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

No comments: