Thursday, October 20, 2011

အငြိမ်း​စား​ဝန်ထမ်း​များ​ကို အဓမ္မအိမ်​ပြောင်း​ရွှေ့​ခိုင်း​နေ

Published on October 19, 2011 by နေသွင်   ·   No Comments
အငြိမ်း ​စား​ဝန်ထမ်း​တွေနဲ့​ ဆင်း​ရဲသား​တွေရဲ့​ အိမ်​တွေကို အာဏာပိုင်​တွေက အဓမ္မ ဖျက်ခိုင်း​နေတာ​ကြောင့်​ မိသား​စု ရာချီပြီး​ အိုး​မဲ့​အိမ်မဲ့​ဖြစ်ဖွယ် ရှိ​နေပါတယ်။
စစ်ကိုင်း​ တိုင်း​ ကသာမြို့​ ရပ်ကွက် ၉ မှာရှိတဲ့​ အိမ်​ခြေ အနည်း​ဆုံး​ ၆၀ ကို အာဏာပိုင်​တွေက အဓမ္မဖျက်ခိုင်း​နေတာပါ။ အဲဒီရပ်ကွက်ဟာ ကသာက​နေ နဘား​သွား​တဲ့​လမ်း​ပေါ်မှာ ရှိတဲ့​ ရက်ကွက်ဖြစ်ပါတယ်။
အိမ်ဖျက်ခိုင်း ​တာလက်မခံတဲ့​ အဲဒီရက်ကွက်က ဦး​ကျော်စိန်က “ပထမဆုံး​ ဥက္ကဋ္ဌအဆက်ဆက် ကိုမင်း​အောင်တို့​လက်ထက်ထဲမှာ ​ဆောက်ခွင့်​ပြုခဲ့​တယ်။ အခုတခါ ကိုဝင်း​ရှိန် လက်ထက်ကျ​တော့​ သူက ဒါ​တွေကို ပြန်​ကောက်​တော့​ ရည်ရွယ်ချက်က​တော့​ ​ငွေလိုချင်လို့​ပဲ။ ဒါ​ပေမယ့်​ ဒီကလူ​တွေက မ​ပေး​တော့​ အား​လုံး​ကို ပြန်ပြီး​ တရား​စွဲမယ်​ပေါ့​။ အိမ်​ခြေ​တွေလိုက်​ကောက်တယ်။ တကယ်တမ်း​ အိမ်​ခြေ​တွေ ၁၀၀ ​ကျော်ရှိတယ်။ ​ဆောက်​နေတဲ့​ ၆၀ ​လောက်ကို တရား​စွဲမယ်​ပေါ့​။
“ဘာလို့​လဲဆို ​တော့​ ဗိုလ်ချုပ်ကြီး​ သာ​အေး​က ​ပြောသွား​တယ်။ အား​လုံး​အိမ်​တွေကို ဖျက်ရမယ်။ ပြီး​ရင် အိုး​အိမ်ဌာနက​နေ အိမ်​တွေ​ဆောက်ပြီး​ ပြန်​ရောင်း​မယ်​ပြော​တော့​ ကျ​နော်တို့​ဆီမှာ ဆင်း​ရဲသား​တွေ ဘယ်လိုလုပ်နိုင်မလဲ။ ကိုယ့်​အိမ်​လေး​ကိုယ်​တောင် မနည်း​ဆောက်​နေရတာ။ အဲဒါကို ပြန်​ပြောပြတဲ့​အခါ လက်မခံ​တော့​ အိမ်​တွေအား​လုံး​ဖျက်ပါ။ မဖျက်ရင်ရပ်ပါ။ မရပ်ရင် တရား​စွဲမယ်ဆိုပြီး​ အခုတရား​စွဲဖို့​ စီစဉ်​နေတာပါ။”
အဲဒီရပ်ကွက်ကို လွန်ခဲ့​တဲ့​ နှစ် ၂၀ တုန်း​က ဝန်ထမ်း​တွေနဲ့​ ဆင်း​ရဲသား​တွေကို အာဏာပိုင်​တွေက တရား​ဝင်​နေရာချ​ပေး​ခဲ့​တာလို့​ သိရပါတယ်။ လွန်ခဲ့​တဲ့​ နှစ်နှစ်တုန်း​ကလည်း​ ​မြေ​တွေကို သိမ်း​ဖို့​ ကိစ္စ တခါ​ပေါ်ခဲ့​ဖူး​တယ်လို့​ ဆိုပါတယ်။
“၂၀၀၉ ခုနှစ်မှာ သူတို့​က ​နေရာပြန်ချ​ပေး​မယ်ဆိုပြီး​တော့​ ဒီ​နေရာ​တွေကို ပြန်သိမ်း​မယ်။ ဖျက်သိမ်း​မယ်ဆိုပြီး​တော့​ ​ပြောတယ်။ ကျ​နော်တို့​ လူထု​တွေက ဘာပြန်လုပ်လဲဆို​တော့​ အကွက်ပြန်ရိုက်​ပေး​မယ်ဆို​တော့​ လွတ်တဲ့​နေရာမှာ လိုက်ပြီး​တော့​ ရိုက်​ပေး​မယ်ဆိုပြီး​ ​လျှောက်တာ လူ​ပေါင်း​ ၃၇၀၀ ရှိတယ်။ ​လျှောက်လွှာတ​စောင်ကို ၁​ထောင်နဲ့​ကောက်တာ ၃ရသိန်း​လောက် သူတို့​ယူသွား​ပြီး​တော့​ ​နေရာလည်း​မချ​ပေး​ပဲ ကိုမင်း​အောင်က ​ပြောင်း​သွား​တယ်။”
အသစ်​ပြောင်း​လာတဲ့​ ခရိုင်အုပ်ချုပ်​ရေး​မှူး​က အဲဒီရပ်ကွက်က အိမ်ပိုင်ရှင်​တွေကို အဓမ္မ​ပြောင်း​ခိုင်း​နေတာပါ။
အိမ်​တွေကို ဖျက်ခိုင်း​နေ​ပေမယ့်​ ဖျက်ပြီး​ပါက ​နေရပြန်ချထား​ပေး​မယ့်​ အစီအစဉ်မရှိတဲ့​အတွက် အိုး​မဲ့​အိမ်ဖြစ်မှာကို မိသား​စု​တွေက စိုး​ရိမ်​နေကြပါတယ်။

No comments: