Wednesday, October 19, 2011

၁၈-၁၀-၂၀၁၁၊ ညနေ ၅း၀၅ နာရီ တွင် ကြံ့ဖွံ့တပ် အထိနာခဲ့

Tuesday, October 18, 2011


ဒီကနေ့ ညနေ၅နာရီ ၅ မိနစ်အချိန်မှာ မြ၀တီမြို့နယ်၊ သေဘောဘိုး၊တောင်နီတံထားထိပ်ရှိ တပ်မ(၂၂) လက်အောက်ခံ ခမရ(၂၀၃)တပ်ရင်းမှ တပ်ဖွဲ့သည် ဆွဲမိုင်းကြောင့် အထိနာခဲ့ရကြောင်း သတင်းရရှိပါသည်။

၎င်း ခမရ(၂၀၃)တပ်ဖွဲ့သည် တောင်နီတံထားထိပ်အနီးတွင်  ခြင်းခတ်နေရင်း ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်း  ဖြစ်ကြောင်း ဗိုလ်မှူးစန်းအောင်က ပြောပါသည်။
ြ ယခု ဆွဲမိုင်းကြောင့် အသေအပျောက်စာရင်းကို အသေးစိတ်မသိရသေးပေမဲ့ ရန်သူတွေ တော်တော် အထိနာပုံရတယ်၊ ဘာကြောင့်လဲဆိုတော့ နာရီဝက်နီးပါး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရန်သူတွေက ပြန်ပစ်တာ၊ ဒါ ဆွဲမိုင်းကြောင့် မဟုတ်ပဲ တိုက်ပွဲဖြစ်ခဲ့လို့ဆိုပြီး အထက်ကို သူတို့ပြန်တင်ပြမဲ့သဘောပါ၊ ရန်သူတွေက ခြင်းခတ်နေရင်း တိုက်ခိုက်ခံရတယ်ဆိုတော့ သူတို့သိက္ခာ သူတို့ပြန်ကာကွယ်တဲ့အနေနဲ့ ရမ်းသမ်းမှန်းသစ် ပြန်ပစ်တာပဲဋ္ဋဋ္ဋ ဟု ဗိုလ်မှူးစန်းအောင်က ဆိုပါသည်။

အသေအပျောက် စာရင်းအတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲပင်ဖြစ်သည်။

No comments: