Wednesday, October 19, 2011

သောကြာ​နေ့​တွင် ရခိုင်​မြောက်ပိုင်း​ မုန်တိုင်း​ကပ်ဖြတ်နိုင်

Published on October 18, 2011 by ရွှေအောင်   ·   No Comments
ဘင်္ဂလား ​ပင်လယ်​အော် အလယ်ပိုင်း​မှာ ဖြစ်​ပေါ်​နေတဲ့​ မုန်တိုင်း​ငယ်တခုဟာ အခုလ ၂၁ ရက် (​သောကြာ) ​နေ့​လောက်မှာ ရခိုင်ပြည်နယ်​မြောက်ပိုင်း​နား​ကို ကပ်ပြီး​ဖြတ်နိုင်တယ်လို့​ မိုး​လေဝသပညာရှင် ဦး​ထွန်း​လွင်က ​ပြောပါတယ်။
ဦးထွန်းလွင်
ဒီ​နေ့​မွန်း​လွဲ ဆက်သွယ်​မေး​မြန်း​ချက်အရ မိုး​လေဝသသတင်း​ထုတ်ပြန်တာကို မပြတ်နား​စွင့်​ထား​ကြဖို့​လည်း​ ​ပြောပါတယ်။
“မုန်တိုင်း​ လောက်​တော့​ ဖြစ်​နေပြီ။ ကျ​နော်တို့​ ခန့်​မှန်း​ချက်အရ အိန္ဒိယနား​ကပ်ပြီး​ ပြန်​ကွေ့​မယ်။ ​ကွေ့​ပြီး​ ရခိုင်​မြောက်နဲ့​ ဘင်္ဂလား​ဒေ့​ရှ် အနား​ကပ်လာမယ်လို့​တော့​ ခန့်​မှန်း​ထား​တယ်။ ၂၁ ​လောက်မှာဖြစ်မယ်။ ရခိုင်​မြောက်နဲ့​ ချင်း​နဲ့​လောက်ပဲ။ ​လော​လောဆယ်​တော့​ အဲဒီ​လောက်ပဲ။ အင်အား​က​တော့​ အခုတိုင်း​တော့​ အဆိုး​ကြီး​မဟုတ်ဘူး​။ ​နောက်ပိုင်း​တက်လာမယ်ဆို နည်း​နည်း​သတိထား​ရမယ်။ အဲ​တော့​ ထုတ်ပြန်တာကို အချိန်နဲ့​ တ​ပြေး​ညီ ​စောင့်​နား​ထောင်ဖို့​ လိုတာ​ပေါ့​။”
မုန်တိုင်း​ အရှိန်​ကြောင့်​ ရခိုင်ပြည်နယ်​မြောက်ပိုင်း​၊​ မ​ကွေး​တိုင်း​မြောက်ပိုင်း​၊​ ချင်း​ပြည်နယ်နဲ့​ စစ်ကိုင်း​တိုင်း​ ​အောက်ပိုင်း​ဒေသ​တွေမှာ မိုး​များ​နိုင်ပြီး​ တပြည်လုံး​ အတိုင်း​အတာအ​နေနဲ့​လည်း​ မိုး​ရွာသွန်း​ဦး​ မယ်လို့​ဆိုပါတယ်။
ဦး​ထွန်း​ လွင်ရဲ့​ အရင်ခန့်​မှန်း​ ​ပြောကြား​ချက်​တွေအရ ​အောက်တိုဘာနဲ့​ နိုဝင်ဘာမှာ ဘင်္ဂလား​ပင်လယ်​အော်မှာ မုန်တိုင်း​အနည်း​ဆုံး​ ​လေး​ကြိမ် ဖြစ်​ပေါ်နိုင်တယ်ဆိုတဲ့​အ​ပေါ် လက်ရှိအ​နေအထား​ကို အခုလို​ပြောပါတယ်။
“အခု​လော​ လောဆယ် ဖြစ်​နေတဲ့​ မုန်တိုင်း​ရဲ့​တောင်ဘက်မှာ ​နောက်မုန်တိုင်း​ တလုံး​က ​နောက်နှစ်ရက်ဆိုဖြစ်မယ်။ အစကိုက နှစ်လုံး​ဖြစ်တယ်ဆို​တော့​ နှစ်ကုန်ရင်​တော့​ မုန်တိုင်း​ ​လေး​လုံး​တော့​ ပြည့်​သွား​မယ်။ ဘာလို့​လည်း​ဆို​တော့​ နိုဝင်ဘာတလလုံး​ ကျန်​သေး​တာကို။”

No comments: