
ထပ်စင်အတွက် ဘုရင်ကြီးရဲ့ခွင့်လွှတ်မှုရအောင် ကြိုးပမ်းနေတဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီး မေးကြည့်တဲ့အခါမှသူက အခု လို ပြောပါတယ်။ ထပ်စင်အနေနဲ့ သူ့ဂုဏ်သိက္ခာကို ပြန်လည်ထိမ်းသိမ်းဖို့အတွက် တရားရုံးရှေ့မှောက်မှာ သတ္တိရှိရှိ ရင် ဆိုင်သင့်တယ်လို့ ပြောပါတယ်။ ” ရဲတက္ကသိုလ်ကျောင်းကနေ ဘွဲ့ရလာပြီး ပြစ်မှုဆိုင်ရာဘာသာရပ်နဲ့ Ph.D ဒေါက်တာ ဘွဲ့ရလာတဲ့ ရဲဗိုလ်ချုပ်ကြီး ထပ်စင်ဟာ လုပ်ထုံးလုပ်နည်းတွေအကုန်လုံး သိတယ်ဆိုတာ ကျနော်ယုံ ကြည်ပါတယ်” လို့ ပူရာချိုင်းက ထပ်လောင်းပြောဆိုပါတယ်။
ထပ်စင်ပြန်လာရင် ထောင်ထဲထည့်ထားမယ့်အန္တရာယ်နဲ့ရင်ဆိုင်ရနိုင်ပါသလား ဆိုတာမေးကြည့်တဲ့အခါ အရင်တောင် အာဖရိက သမတဟောင်း နယ်လ်စင်မင်ဒဲလားဟာ သူ၊ အသက် ၈၀ ရှိချိန်၊ တိုင်းပြည်ခေါင်းဆောင်ဖြစ်မလာခင် ထောင် ထဲမှာ နှစ်တွေအကြာကြီး နေခဲ့ရပါတယ်။ လို့ ပူရာချိုင်းက ပြောပါတယ်။ ” ဒါဟာ မူကိစ္စ၊ အတွေးအခေါ်ကိစ္စ ဖြစ်ပါ တယ်” လို့ သူက ပြောပါတယ်။
စက်တင်ဘာ ၈၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
No comments:
Post a Comment