
Source Photo from http://latimesblogs.latimes.com/
Samsung ၏ Galaxy လက်ပြား ကွန်ပြူတာများ
ပြပွဲမှ ထုတ်ပါယ်ခံရ
ဂျာမနီ နိုင်ငံတွင် Galaxy လက်ပြား ကွန်ပြူတာများ ရောင်းချမှု ပိတ်ပင်လိုက်ပြီးနောက် Samsung ကုမ္ပဏီမှာ ၎င်းတို့၏ ကွန်ပြူတာပြားများကို ကမ္ဘာ့ အကြီးဆုံး အီလက်ထရွန်းနစ် ပြပွဲတွင် ပြသခွင့် ပိတ်ပင်ခံလိုက်ရပြီ ဖြစ်သည်။အသစ် ထွက်လာသည့် Galaxy Tab 7.7 မှာ ဂျာမနီ နိုင်ငံ ဘာလင်မြို့တွင်ကျင်းပသည့် IFA အီလက်ထရွန်းနစ် ပြပွဲတွင် ပြသခွင့် ပိတ်ပင်ခံလိုက်ရကာ သောကြာနေ့က Dusseldorf တရားရုံးတွင် Apple ကုမ္ပဏီမှ Samsung ၏ ထုတ်ကုန်များကို မရောင်းချစေရန် ပိတ်ပင်မှု တောင်းဆိုခဲ့ခြင်းကို လက်ခံခဲ့ကြောင်း သိရသည်။
Samsung နှင့် Apple တို့မှာ ဥရောပ တစ်လွှားတွင် မူပိုင်ခွင့် ပြသနာများနှင့် ပတ်သက်ပြီး ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။Samsung ကုမ္ပဏီ အနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက် ကို အလေးထားပါကြောင်းနှင့် ထို့ကြောင့် IFA ပြပွဲအတွင်း Galaxy Tab 7.7 ကို နောက်ထပ် ပြသတော့မည် မဟုတ်ဟု ကုမ္ပဏီမှ ထုတ်ပြန် ပြောကြားလိုက်ကြောင်း AFP သတင်းကို ကိုးကား၍ BBC ရုပ်သံမှ ရေးသားလိုက်သည်။Apple မှာ တောင်ကိုရီးယားရှိ Samsung ကုမ္ပဏီ အနေဖြင့် ၎င်းတို့၏ ဒီဇိုင်းများကို အတုခိုး လုပ်ဆောင်နေခြင်း ဖြစ် ကြာင်း စွပ်စွဲခဲ့ပြီးနောက် ယခုလို တရားရင်ဆိုင်မှုများကို ပြုလုပ်နေခဲ့ခြင်းပင် ဖြစ်သည်။
No comments:
Post a Comment